Alpha Premium

Amrit Pal Singh

Qala (2022) 7.3
Qala (2022) ##unicode Netflix ကနေထွက်ရှိလာတဲ့ "Qala" ဆိုတဲ့ အိန္ဒိယကားလေးကို တင်ဆက်ပေးလိုက်ပါတယ် psychological drama အမျိုးအစားဖြစ်ပြီးတော့ တွေးစရာလေးတွေအများကြီးပါဝင်နေတဲ့လက်ရာကောင်းလေးတစ်ကားဖြစ်ပါတယ် ၁၉၆၉ ခုနှစ်မှာဇာတ်အိမ်တည်ထားပြီးတော့ ကာလာဆိုတဲ့မိန်းကလေးရဲ့အနုပညာလမ်းကြောင်းဖြတ်သန်းပုံနဲ့ ဘဝအကြောင်းလေးပဲဖြစ်ပါတယ် ကာလာရဲ့မိခင် အူမီလာမန်ဂျူရှရီဟာကာလာနဲ့အမြွှာမွေးဖွားခဲ့တဲ့သားဖြစ်သူကိုဆုံးရှုံးပြီးတဲ့နောက်ပိုင်း တစ်ဦးတည်းကျန်တဲ့ကာလာအပေါ်ကိုလည်း အေးစက်သွားခဲ့ပါတယ် ကာလာအပေါ်ကိုအမြဲတမ်းတင်းကြပ်ပြီး သူ့ရဲ့ပုံစံခွက်အတိုင်း ပုံသွင်းနေပေမယ့်လည်း အမြဲတမ်းကျေနပ်နေတယ်မရှိခဲ့ပါဘူး ကြားထဲဂျာဂန်ဆိုတဲ့သူရဲ့ အဆိုအရည်အချင်းကို ကာလာရဲ့မိခင်ဖြစ်သူက သဘောကျသွားတဲ့အခါ ကာလာနဲ့ သူ့အမေရဲ့ ဆက်ဆံရေးက ပိုလို့တောင် ဆိုးရွားသွားခဲ့ပါတယ် ဒီကားလေးထဲမှာဆိုရင် ကာလာရဲ့အတွင်းစိတ်အားပြိုင်မှု၊ သူ့အမေရဲ့ဖိအားပေးမှုကြောင့်ဖြစ်လာခဲ့တဲ့ စိတ်‌အခြေအနေ၊ လမ်းမှားကိုလျှောက်မိတာကြောင့် အပြစ်ရှိစိတ်ခံစားရပုံတွေကို သေချာလေးတင်ပြထားနိုင်တာကိုတွေ့ရပါတယ် အေးအေးငြိမ့်ငြိမ့်လေးနဲ့ ဇာတ်ကားလက်ရာကောင်းကိုခံစားချင်သူတွေအတွက် ကိုက်ညီမယ့်ဇာတ်ကားကောင်းလေးတစ်ကားမလို့ ကြည့်ရှုအားပေးကြပါဦးနော် ##zawgyi Netflix ကေနထြက္ရွိလာတဲ့ "Qala" ဆိုတဲ့ အိႏၵိယကားေလးကို တင္ဆက္ေပးလိုက္ပါတယ္ psychological drama အမ်ိဳးအစားျဖစ္ၿပီးေတာ့ ေတြးစရာေလးေတြအမ်ားႀကီးပါဝင္ေနတဲ့လက္ရာေကာင္းေလးတစ္ကားျဖစ္ပါတယ္ ၁၉၆၉ ခုႏွစ္မွာဇာတ္အိမ္တည္ထားၿပီးေတာ့ ကာလာဆိုတဲ့မိန္းကေလးရဲ႕အႏုပညာလမ္းေၾကာင္းျဖတ္သန္းပုံနဲ႔ ဘဝအေၾကာင္းေလးပဲျဖစ္ပါတယ္ ကာလာရဲ႕မိခင္ အူမီလာမန္ဂ်ဴရွရီဟာကာလာနဲ႔အႁမႊာေမြးဖြားခဲ့တဲ့သားျဖစ္သူကိုဆုံးရႈံးၿပီးတဲ့ေနာက္ပိုင္း တစ္ဦးတည္းက်န္တဲ့ကာလာအေပၚကိုလည္း ေအးစက္သြားခဲ့ပါတယ္ ကာလာအေပၚကိုအၿမဲတမ္းတင္းၾကပ္ၿပီး သူ႔ရဲ႕ပုံစံခြက္အတိုင္း ပုံသြင္းေနေပမယ့္လည္း အၿမဲတမ္းေက်နပ္ေနတယ္မရွိခဲ့ပါဘူး ၾကားထဲဂ်ာဂန္ဆိုတဲ့သူရဲ႕ အဆိုအရည္အခ်င္းကို ကာလာရဲ႕မိခင္ျဖစ္သူက သေဘာက်သြားတဲ့အခါ ကာလာနဲ႔ သူ႔အေမရဲ႕ ဆက္ဆံေရးက ပိုလို႔ေတာင္ ဆိုး႐ြားသြားခဲ့ပါတယ္ ဒီကားေလးထဲမွာဆိုရင္ ကာလာရဲ႕အတြင္းစိတ္အားၿပိဳင္မႈ၊ သူ႔အေမရဲ႕ဖိအားေပးမႈေၾကာင့္ျဖစ္လာခဲ့တဲ့ စိတ္‌အေျခအေန၊ ...
7.3
IMDB: 7.3/10 1454 votes
movie

Qala (2022)

2022

Release year

Genres

Release year