Alpha Premium

Chang-dong Lee

Oasis (2002) 7.9
Oasis (2002) Oasis (2002) =========== IMDB = 7.9 out of 10 Rotten Tomatoes = 90 out of 100 Directed By Lee Chang Dong တောင်ကိုရီယား New Waveဒါရိုက်တာလီချန်းဒုံကို Burning, Poetry, Peppermint Candyတို့နဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ လီချန်းဒုံရုပ်ရှင်တွေဟာ အမှတ်တမဲ့ကြည့်လိုက်ရင် ကိုရီယားရုပ်ရှင်လို့ လုံးဝထင်စရာမရှိတ‌ဲ့ ဇာတ်ကောင်တွေ ဇာတ်ဝင်ခန်းတွေနဲ့။ အဆိုးဘက်ရောက်တဲ့ လူသားဆန်မှုတွေကို သိသာသာမီးမောင်းထိုး ပြတတ်ပါတယ်။ လီချန်းဒုံအခုထိရိုက်ထားတဲ့ ရုပ်ရှင်ခြောက်ကားပဲရှိပါတယ်။ Peppermint Candyနဲ့ Green Fishကလွဲလို့ ကျန်တဲ့လေးကားကို သူကိုယ်တိုင်ရေးခဲ့တာပါ။ Burningကတော့ မူရာကာမိကိုကျောရိုးယူပါတယ်။ လီချန်းဒုံရဲ့ ရုပ်ရှင်တွေဟာ သာမန်လူတွေ သူတို့ရဲ့ သာမန်နေ့စဉ်ဘဝမှာ သာမန်လုပ်နေကြ အရာတွေကိုပဲ ရိုက်ပြထားတယ်လို့ ဖတ်လိုက်ရပါတယ်။ သူ့ရုပ်ရှင်တွေမှာလူဆိုးလူကောင်းမရ‌ှိဘူးလို့လည်း ဆိုပါတယ်။ ဒုတိယအချက်ကို ကျွန်တော်လက်ခံပေမယ့် ပထမအချက်ကိုတော့ လုံးဝငြင်းပါတယ်။ လီချန်းဒုံရဲ့ ရုပ်ရှင်တွေဟာ သာမန်မဆန်ပါဘူး။ သူ့ရုပ်ရှင်တွေမှာ အဆိုးဘက်ရောက်တဲ့။လူသားဆန်မှုအတော်များပါတယ်။ သူမှားတာ‌တော့လည်းမဟုတ်ပါဘူး။ ကျွန်တော်တို့ဘဝတွေတိုင်းဟာ အမြဲတော့ သာယာတဲ့ကောင်းကင်တစ်ခုအောက်မှာ ရှိနေတာ မဟုတ်ပါဘူး။ သူမှန်ပါတယ် ။ ဒါပေမယ့် ...
7.9
IMDB: 7.9/10 7,612 votes
movie

Oasis (2002)

2002
Premium
Secret Sunshine 7.5
Secret Sunshine Secret Sunshine ( 2007) =================== နောင်များဆိုရုပ်ရှင်ဇာတ်ကောင်တွေထဲ အမုန်းဆုံးဇာတ်ကောင်ကို ပြောပါဆို Secret Sunshineထဲက Shin Aeဇာတ်ကောင်ကိုပြောရလိမ့်မယ်။ ဒီဇာတ်ကောင်က ဘာမှထူးထူးခြားခြားတော့ ဆိုးယုတ်နေတာတော့ မဟုတ်ဘူး။ ခံစားမှုလားရာမတူရင် အထူးသဖြင့် မဝါဒီတစ်ယောက်ဆိုရင်တော့ အမြင်တူမယ်မထင်ဘူး။ ဒီဇာတ်ကောင်တစ်ကောင်တည်းမှာကို လီချန်းဒုံပြချင်တဲ့ အချက်က သိပ်များတယ်။ သူ့ဇာတ်လမ်းရဲ့ကျောရိုးထက် ဒီအမျိုးသမီးကအများကြီးပိုအရေးပါတယ်။ ဇာတ်အိမ်ဘက်ကိုပြောရရင်လည်း လီချန်းဒုံရဲ့ ရုပ်ရှင်ပီသစွာပဲ သူပြသချင်တဲ့ Main Pointဆိုတဲ့ အရာက ရှိမနေခဲ့ဘူ။ သူ့ရဲ့ အမြစ်တွေအများကြီးနဲ့သစ်ပင်မှာ အားလုံးဟာရေသောက်မြစ်တွေချည်း။ ဇာတ်အိမ်ဟာ အစနာရီဝက်လောက်မှာတင် ဘာမှဆက်ဖြစ်စရာမရှိတော့သလိုပဲ။ အဲ့ဒီဆက်ဖြစ်စရာမရှိတာကိုဆက်ဖြစ်နေတာက ဒီရုပ်ရှင်ရဲ့ ထူးခြားမှုလို့ထင်ရတယ်။ ရိုက်ပြသွားတာကလည်း အကုန်ရိုးရိုးရှင်းရှင်းလေးတွေ လီချန်းဒုံဟာ စာပေသမားကနေ ဒါရိုက်တာဖြစ်လာတဲ့ လူပီပီပဲ သူ့ဇာတ်လမ်းဟာ လက်တွေ့ထက် လက်တွေ့ပိုဆန်တယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ ဆေးလိပ်သောက်တဲ့အခန်းတွေပဲ။ ရုပ်ရှင်တော်တော်များများမှာ ဆေးလိပ်သောက်တာကိုထည့်ရင်လက်တွေ့ကျတာ ရှားတယ်။ စမတ်အရမ်းကျလွန်းတဲ့ ဟန်ဖြစ်နေတတ်တယ်။ လီချန်းဒုံရဲ့ ရုပ်ရှင်တွေက ဆေးလိပ်သောက်ခန်းတွေဟာ အဲ့ဒီလိုဖြစ်မသွားဘူး။ နိစ္စဓူဝတစ်ခုလို သူ့ဇာတ်ကောင်တွေသောက်နေကြတဲ့ဟန်ကို အပြည့်အဝခံစားရတယ်။ ကျန်တဲ့အခန်းတွေမှာလည်း သူဟာ ရုပ်ရှင် မဆန်ပါဘူး။ ရုပ်ရှင်ရိုက်ပြထားတာနဲ့မတူဘဲ တကယ့်ကမ္ဘာကြီးလိုဖြစ်နေတာကိုက။သူ့ဟန်ပါပဲ။ လီချန်းဒုံဟာ ကဗျာဆရာဖြစ်တဲ့အတွက်ကဗျာဆန်နေပြီး ဝတ္တုရေးတဲ့လူဖြစ်တဲ့အတွက်အရမ်းလက်တွေ့ကျတယ်။ သူဟာ ကဗျာဆန်တဲ့ လူဖြစ်ကြောင်းကို သူ့ရုပ်ရှင်နာမည်တွေကတင် သက်သေပြနေတယ်။ Peppermint ...
7.5
IMDB: 7.5/10 6,402 votes
movie

Secret Sunshine

2007
Premium
Green Fish 7.0
Green Fish Green Fish (1997) ============== IMDB Rating. = 7 out of 10 Rotten Tomatoes. = Not Yet Available Directed By Lee Chang Dong Green Fishရဲ့ ဇာတ်လမ်းအကျဉ်းကိုအတိုဆုံးရေးပြရရင် ” တကယ်တမ်းမရှိတဲ့ ပျော်ရွှင်ခြင်းငါးစိမ်းကလေးကို ဖမ်းဆုပ်ဖို့ကြိုးစားရင်း လဲပြိုရှုံးနိမ့်သွားရတဲ့လူတစ်ယောက်အကြောင်း”ပါပဲ။ ကျွန်တော်တို့ရဲ့ ဘိုးတော်ကြီး လီချန်းဒုံရဲ့ ပထမဆုံးရုပ်ရှင်ပါ။ ပထမဆုံးပီသစွာပဲ လီချန်းဒုံရဲ့ ဝိသေသတွေနည်းသေးတယ်။ မသိမှုရသကိုလည်း ခပ်ပါးပါးပဲသုံးသေးတယ်။ သို့ပေမယ့် သူ့ရဲ့ ရက်စက်တဲ့ကမ္ဘာကြီးကတော့ ပထမဆုံးကားမှာတင် ပေါ်လွင်ပါတယ်။ ပထမဆုံးလက်ရာတွေတိုင်းဟာ နောက်ပိုင်းလက်ရာ တစ်ချို့နဲ့ယှဉ်ရင် အမြဲအားပျော့နေတတ်ပါတယ်။ ဒါက ပထမဆုံးလက်ရာတွေရဲ့ အားနည်းချက်ပါပဲ။ ပထမဆုံး လက်ရာတွေရဲ့ အားသာချက်ကတော့ ဖန်တီးသူရဲ့နှလုံးသားပျိုမြစ်နေခြင်းပါပဲ”။ Green Fishဟာ နှောင်းပိုင်းလက်ရာတွေနဲ့ ယှဉ်ရင် အားပျော့ပေမယ့် လီချန်းဒုံရဲ့ အနုနယ်အပျိုပြစ်ဆုံး လက်ရာနဲ့ သူ့ရဲ့ Nostalgiaဖြစ်မှုကို ခံစားရမှာပါ။ ဟိုသီချင်ဟောင်းက‌လေးထဲကလို “ရင်ဆိုင်ရင်း ရှုံးနိမ့်ရင် ဘဝမှာ ဖျောက်ဖျက်မရတဲ့ အမှားမ‌‌ျားတွေနဲ့လူ မျှော်လင့်ရင်း ဆုံးရှုံးရင်း နှလုံးသားမှာ ဒဏ်ရာ‌တွေ ကျန်ခဲ့တဲ့လူ” ဒီလိုလူတစ်ယောက် ...
7.0
IMDB: 7.0/10 1,388 votes
movie

Green Fish

1997
Premium
Burning 7.5
Burning Burning (2018)ဆိုတဲ့ကားလေးကတော့ Rating 7.5 ထိ ရရှိထားတဲ့ Drama, Mystery ကားလေးတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအစမှာတော့ လီဂျောင်ဆူနဲ့ ရှင်းဟဲမီဆိုတဲ့ ငယ်သူငယ်ချင်းနှစ်ယောက်အမှတ်မထင်ပြန်တွေ့ကြပြီး တယောက်နဲ့တယောက် မသိလိုက်ချိန်မှာပဲ ချစ်သွားခဲ့ကြတယ် အဲ့လိုနဲ့ တရက်ကောင်မလေးက အာဖရိကကို ခရီးသွားရင်း အကိုဘန်ဆိုတဲ့လူနဲ့ သိကျွမ်းလာခဲ့ပြီး အရမ်းရင်းနှီးသွားရင်း ကောင်လေးနဲ့လည်း အသိအကိုဆိုပြီး မိတ်ဆက်ပေးခဲ့တယ် အဲ့လိုနဲ့ အကိုဘန်နဲ့ ကောင်မလေးက ရင်းနှီးလွန်လာပြီး တပူးပူးတတွဲတွဲဖြစ်လာတော့ ကောင်လေးခင်မျာ ပြောလဲမပြောရဲ ခံလဲခံစားရရင်း ကြိတ်ခံနေလာခဲ့တယ် အဲ့လိုနဲ့ အကိုဘန်ဆိုတဲ့လူက ကောင်မလေူတွေနဲ့ ပက်သက်ပြီး သတ်သတ်နေခဲ့တယ်ဆိုတာကို သိသွားတဲ့အချိန်မှာတော့ ရှင်းဟဲမီတယောက်ပျောက်ဆုံးနေခဲ့ပါပြီ ဒါပေမယ့်လည်း မသေချာသေးတာမို့ ကောင်လေးက ကြိတ်ခံစားရင်း လိုက်လဲရှာ စုံစမ်းရင်း သေမတတ်ခံစားပြီး လျှောက်သွားနေခဲ့ပါတယ် နောက်ဆုံးမှာတော့ ကောင်လေးက ကောင်မလေးကို ရှာတွေ့သွားမှာလား ဒါမှမဟုတ် တကယ်ပဲ အကိုဘန်က ကောင်မလေးကို သတ်လိုက်တာလား ကောင်လေးကရော ဘာတွေဆက်လုပ်မှာလဲဆိုတဲ့ ဆန်းကြယ်လှပြီး စိတ်ဝင်စားစရာဇာတ်လမ်းလေးကို Burning (2018)ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်လိုက်ရအောင်နော် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May ...
7.5
IMDB: 7.5/10 42,166 votes
movie

Burning

2018
Premium
Peppermint Candy 7.7
Peppermint Candy
7.7
IMDB: 7.7/10 6,945 votes
movie

Peppermint Candy

1999
Premium

Release year

Genres

Release year