(App member only)
##unicode
“Extremely Easy Job (2022)”ဆိုတဲ့ ဗီယက်နမ်ဇာတ်ကားကောင်းလေးကို ဒီတစ်ခါတင်ဆက်ပေးထားပါတယ်။
အငြိမ်းစားရဲအရာရှိ”ထိုင်”နဲ့ သူ့ရဲ့အဖွဲ့သားတွေဟာ ပြစ်မှုကျူးလွန်သူတစ်ယောက်ကိုဖမ်းစီးနိုင်ဖို့ကြိုးစားရာမှာ
ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကို ရယ်မောပျော်ရွှင်ဖွယ်ခံစားကြည့်ရှုနိုင်ကြမှာပါ။
‘”မစ္စတာထိုင်”ဟာ အငြိမ်းစားရဲအရာရှိတစ်ယောက်ဖြစ်ပြီး မိခင်မရှိတော့တဲ့သမီးလေးနဲ့အတူ
ချစ်ချစ်ခင်ခင်နေထိုင်နေတဲ့ ဖခင်တစ်ယောက်လည်းဖြစ်ပါတယ်။သူဟာ အငြိမ်းစားယူထားပေမယ့်လည်း နေ့စဉ်
ပြစ်မှုကျူးလွန်သူတွေကိုရှာဖွေဖမ်းစီးဖို့ကြိုးစားနေတဲ့သူတစ်ယောက်ပါပဲ။
“ထူ”လို့ခေါ်တဲ့အမျိုးသမီးရယ်၊ “ဗင်”နဲ့”ဖူ”ဆိုတဲ့အမျိုးသားနှစ်ယောက်ရယ်ကတော့ကောင်းမွန်တဲ့အလုပ်အကိုင်မရှိဖြစ်နေကြတဲ့သူတွေပါ။
“ဟွမ်”ဆိုခေါ်တဲ့ မူးယစ်ဆေးရောင်းဝယ်သူတစ်ယောက်ကတော့”ထိုင်”ရဲ့မိတ်ဆွေတစ်ယောက်ပိုင်တဲ့စားသောက်ဆိုင်နားမှာ
အိမ်ခြံမြေရောင်းဝယ်ရေးကုမ္ပဏီတစ်ခုကိုဖွင့်လာပါတော့တယ်။
အဲဒီလိုနဲ့ “ထိုင်”ဟာ ဟွမ်ကိုသံသဝင်လာပြီး တိတ်တဆိတ်စုံစမ်းဖို့ဆုံးဖြတ်ခဲ့တယ်။
ဒါကြောင့်ပဲ “ထိုင်”ဟာ မိတ်ဆွေရဲ့စားသောက်ဆိုင်ကိုဝယ်ပြီး ထူ၊ ဖူနဲ့ ဗင်တို့ကိုဆိုင်မှာအလုပ်ခန့်ဖို့ဖြစ်လာတဲ့အခါမှာတော့…….
“ထိုင်”တို့ရဲ့ဆိုင်ဟာ ဘယ်လိုတွေနာမည်ကြီးလာမလဲ၊ “ထူ၊ ဖူနဲ့ ဗင်”တို့သုံးယောက်ကရော ပြစ်မှုကျူးလွန်သူကို
ဖမ်းဖို့ကြိုးစားရာမှာ ဘယ်လိုတွေကူညီပေးမလဲ၊ ဘယ်လိုလျှို့ဝှက်ထောက်လှမ်းရေးရဲတွေပါဝင်လာမလဲ၊
“ထိုင်”ကရော ပြစ်မှုကျူးလွန်သူကိုအောင်အောင်မြင်မြင်ဖမ်းစီးနိုင်ပါ့မလားဆိုတာကို ဇာတ်ကားထဲမှာ
ဆက်လက်ခံစားကြည့်ရှုလိုက်ကြပါဦးနော်
##zawgyi
Review – KKK
File Size – 1GB,2GB
Format…mp4
Quality :1080p WED-DL,720p WED-DL
Subtitle : Myanmar Subtitle (Hard Sub)
Translated by KKK
Encoded by Arrow
====================================================================================
App ဒေါင်းရန်
မန်ဘာဝင်လိုသူများ
viber – 09691177142
Upload on Youtube
Upload on Youtube
Leave a Reply