Alpha Premium

2023

Mama Mascheendra (2023) N/A
Mama Mascheendra (2023) ##unicode Maama Maschindraဇာတ်ကားမှာတော့ Parasuramတစ်ယောက် ဦးလေးဖြစ်သူရဲ့ ပိုင်ဆိုင်မှုတွေကို လက်ဝါးကြီးအုပ်ကာ ဦးလေးရဲ့တစ်ဦးတည်းသောသားနဲ့မိသားစုကို သတ်ဖြတ်ဖို့စီစဉ်ခဲ့ပေမဲ့ သူ့လူယုံDasuအမှားကြောင့် အမြွှာသားလေး၂ယောက်ကတော့ Parasuramလက်ထဲကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ဒီအမြွှာ၂ယောက်က သူ့ကိုပြန်လက်စားချေမှာကို စိုးရိမ်နေခဲ့တဲ့ Parasuramဟာ သူ့ရဲ့တစ်ဦးတည်းသော သမီးလေးကို လူယုံDasuရဲ့ သမီးနဲ့ ကလေးချင်းလဲလိုက်ပါတယ်။အဲ့အချိန်မှာဘဲParasuramရဲ့ လူယုံDasuဟာလဲ သူ့သူဌေးရဲ့သမီးကို ကာကွယ်ဖို့အတွက် သူ့သမီးနဲ့ Parasuramရဲ့သမီးကို ကလေးချင်းထပ်လဲလိုက်ပြန်တယ်။Parasuramနဲ့Dasuတို့နှစ်ယောက်သား ကလေးချင်းလဲလိုက်တဲ့အဖြစ်မှန်ကို ဖုံးကွယ်ထားကြရင်းနဲ့ သမီးMeenuနဲ့Vasuတို့၂ယောက်လဲ အရွယ်ရောက်လာခဲ့တယ်။တစ်နေ့မှာတော့ သူတို့သမီး၂ယောက်က ရုပ်ချင်းဆင်တဲ့DJနဲ့Durgaဆိုတဲ့ အမြွှာညီအကို၂ယောက်နဲ့ တွဲနေကြောင်းကို Parasuramတို့သိလိုက်ရချိန်မှာတော့ အတိတ်တုန်းကလွတ်မြောက်သွားတဲ့ အမြွှာညီအကို၂ယောက်က သူတို့ကိုလာလက်စားချေတာလို့ Parasuramတို့ ယုံကြည်သွားခဲ့တယ်။၂ယောက်လုံးကလေးချင်းလဲမိထားတဲ့အဖြစ်ကို မသိကြတဲ့ Parasuramနဲ့Dasuတို့ သူတို့သမီးတွေကို ဘယ်လိုကာကွယ်မလဲဆိုတာကို ကြည့်ရှူကြပါအုံး။ ##zawgyi Maama Maschindraဇာတ္ကားမွာေတာ့ Parasuramတစ္ေယာက္ ဦးေလးျဖစ္သူရဲ႕ ပိုင္ဆိုင္မႈေတြကို လက္၀ါးႀကီးအုပ္ကာ ဦးေလးရဲ႕တစ္ဦးတည္းေသာသားနဲ႔မိသားစုကို သတ္ျဖတ္ဖို႔စီစဥ္ခဲ့ေပမဲ့ သူ႔လူယုံDasuအမွားေၾကာင့္ အႁမႊာသားေလး၂ေယာက္ကေတာ့ Parasuramလက္ထဲကေန ထြက္ေျပးလြတ္ေျမာက္သြားခဲ့ပါတယ္။ဒီအႁမႊာ၂ေယာက္က သူ႔ကိုျပန္လက္စားေခ်မွာကို စိုးရိမ္ေနခဲ့တဲ့ Parasuramဟာ သူ႔ရဲ႕တစ္ဦးတည္းေသာ သမီးေလးကို လူယုံDasuရဲ႕ သမီးနဲ႔ ကေလးခ်င္းလဲလိုက္ပါတယ္။အဲ့အခ်ိန္မွာဘဲParasuramရဲ႕ လူယုံDasuဟာလဲ သူ႔သူေဌးရဲ႕သမီးကို ကာကြယ္ဖို႔အတြက္ သူ႔သမီးနဲ႔ Parasuramရဲ႕သမီးကို ကေလးခ်င္းထပ္လဲလိုက္ျပန္တယ္။Parasuramနဲ႔Dasuတို႔ႏွစ္ေယာက္သား ကေလးခ်င္းလဲလိုက္တဲ့အျဖစ္မွန္ကို ဖုံးကြယ္ထားၾကရင္းနဲ႔ သမီးMeenuနဲ႔Vasuတို႔၂ေယာက္လဲ ...
N/A
IMDB: N/A/10 25 votes
movie

Mama Mascheendra (2023)

2023
Red Sandal Wood (2023) 9.0
Red Sandal Wood (2023) ##unicode ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ 'Red Sandal Wood' ဆိုတဲ့ အိန္ဒိယကားလေးပဲဖြစ်ပါတယ် Red Sandalwood ဆိုတာက နံ့သာနီပင်ကိုပြောတာဖြစ်ပြီးတော့ အိန္ဒိယရဲ့ရှေးလူကြီးတွေဆေးဖြစ်ဝါးဖြစ်အနေနဲ့ အသုံးပြုခဲ့ကြတဲ့အပင်တွေဖြစ်ပါတယ် နံ့သာနီပင်နဲ့ ကလေးတွေကျန်းမာအောင် အရုပ်တွေပြုလုပ်ကြတဲ့အပြင် အဖျားကနေ ကင်ဆာအထိ ပျောက်ကင်းစေနိုင်တယ်လို့ ယုံကြည်ကြတဲ့အတွက် ဟင်းချက်တဲ့နေရာတွေမှာပါ ထည့်သုံးကြတဲ့အပင်တွေပါ ဒီလိုအပင်ကောင်းတွေဟာ မှောင်ခိုကူးသူတွေရဲ့လက်ထဲကနေ မလွတ်နိုင်ပါဘူး ထီရူပသီတောထဲမှာရှိတဲ့ နံ့သာနီပင်တွေကို တရုတ်နိုင်ငံလိုမျိုး နိုင်ငံရပ်ခြားကို မှောင်ခိုတင်သွင်းကြပါတယ် ဒီဖြစ်စဉ်မှာ အထိနာသူတွေကတော့ သမ်မီရာမြို့သားတွေပါပဲ ဒီနံ့သာနီပင်တွေ ခိုးထုတ်ဖို့၊ ဖြတ်တောက်ဖို့အတွက် နားမလည်တဲ့မြို့သားတွေကို ခြိမ်းခြောက်ခိုင်းစေကြတာမလို့ပါ ရဲတွေဖမ်းမိသွားတဲ့အခါဆိုလည်း ရဲတွေရဲ့ပစ်ခတ်ဖမ်းဆီးမှုကြောင့် အသက်ပေးခံရတာက ဒီလူတွေပါပဲ ဒီနံ့သာနီပင်တွေခုတ်ထစ်ဖို့အတွက် ခြိမ်းခြောက်ခေါ်ယူခံလိုက်ရတဲ့သူတွေထဲမှာ ပရာဘာရဲ့သူငယ်ချင်း ကာရွန်နာလည်း ပါသွားခဲ့ပါတယ် ပရာဘာတစ်ယောက် သူ့သူငယ်ချင်းကို ဘယ်လိုခြေရာကောက်ပြီး ကယ်တင်မလဲ၊ သူ့သူငယ်ချင်းအကြောင်း စုံစမ်းရင်း နံ့သာနီပင် မှောင်ခိုလောကရဲ့ ဘယ်လိုကြောက်စရာအန္တရာယ်တွေကို တွေ့ကြုံရမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော် ##zawgyi ဒီတစ္ေခါက္တင္ဆက္ေပးမွာကေတာ့ 'Red Sandal Wood' ဆိုတဲ့ အိႏၵိယကားေလးပဲျဖစ္ပါတယ္ Red Sandalwood ဆိုတာက နံ႔သာနီပင္ကိုေျပာတာျဖစ္ၿပီးေတာ့ အိႏၵိယရဲ႕ေရွးလူႀကီးေတြေဆးျဖစ္ဝါးျဖစ္အေနနဲ႔ အသုံးျပဳခဲ့ၾကတဲ့အပင္ေတြျဖစ္ပါတယ္ နံ႔သာနီပင္နဲ႔ ကေလးေတြက်န္းမာေအာင္ အ႐ုပ္ေတြျပဳလုပ္ၾကတဲ့အျပင္ ...
9.0
IMDB: 9.0/10 1,051 votes
movie

Red Sandal Wood (2023)

2023
Dream Girl 2 (2023) 6.0
Dream Girl 2 (2023) #unicode ဒီတစ်ခေါက်မှာတော့ ဟာသလေးနှောပြီး အပျင်းပြေကြည့်ရှုလို့ရမယ့် "Dream Girl 2" ဆိုတဲ့ အိန္ဒိယကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးကတော့ ကာရမ်ဟာဆိုရင် မိန်းကလေးအသံနဲ့စကားပြောတာ၊ မိန်းကလေးပုံပြောင်းပြီး အဆိုအက ဖျော်ဖြေတဲ့နေရာတွေမှာ ကျွမ်းကျင်တဲ့သူတစ်ယောက်ဖြစ်ပါတယ် သူ့ချစ်သူကောင်မလေးပယ်ရီကတော့ မျိုးရိုးမြင့်ချမ်းသာတဲ့မိသားစုကလာတဲ့သူပေါ့ ပယ်ရီ့ရဲ့အဖေဟာ သူ့သမီးကို လက်ထပ်ချင်ရင် ကာရမ့်အနေနဲ့ အလုပ်ရှိရမယ်၊ ကိုယ်ပိုင်အိမ်ရှိရမယ်၊ ဘဏ်ထဲမှာပိုက်ဆံအနည်းဆုံး သိန်း ၃၀ ရှိရမယ်လို့ပြောလာပါတယ် ဒါကြောင့်ကာရမ်ဟာ သူကျွမ်းကျင်ရာဖြစ်တဲ့ ပူဂျာဆိုတဲ့ မိန်းမပုံပြောင်းပြီး ပိုက်ဆံကို ဖြတ်လမ်းကရှာဖို့ ကြိုးစားပါတော့တယ် ပူဂျာတစ်ဖြစ်လဲ ကာရမ်တစ်ယောက် ဘယ်လိုအရှုပ်အထွေးကြားထဲကို ရောက်သွားဦးမလဲ၊ သူချစ်ရတဲ့ပယ်ရီနဲ့ နီးစပ်နိုင်ဖို့အတွက် ကြိုးစားနေတဲ့ သူ့ရည်မှန်းချက်ကရော အောင်မြင်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော် ##zawgyi ဒီတစ္ေခါက္မွာေတာ့ ဟာသေလးေႏွာၿပီး အပ်င္းေျပၾကည့္ရႈလို႔ရမယ့္ "Dream Girl 2" ဆိုတဲ့ အိႏၵိယကားေလးကို တင္ဆက္ေပးလိုက္ပါတယ္ ဇာတ္လမ္းေလးကေတာ့ ကာရမ္ဟာဆိုရင္ မိန္းကေလးအသံနဲ႔စကားေျပာတာ၊ မိန္းကေလးပုံေျပာင္းၿပီး အဆိုအက ေဖ်ာ္ေျဖတဲ့ေနရာေတြမွာ ကြၽမ္းက်င္တဲ့သူတစ္ေယာက္ျဖစ္ပါတယ္ သူ႔ခ်စ္သူေကာင္မေလးပယ္ရီကေတာ့ မ်ိဳး႐ိုးျမင့္ခ်မ္းသာတဲ့မိသားစုကလာတဲ့သူေပါ့ ပယ္ရီ႕ရဲ႕အေဖဟာ သူ႔သမီးကို လက္ထပ္ခ်င္ရင္ ကာရမ့္အေနနဲ႔ အလုပ္ရွိရမယ္၊ ကိုယ္ပိုင္အိမ္ရွိရမယ္၊ ...
6.0
IMDB: 6.0/10 6,584 votes
movie

Dream Girl 2 (2023)

2023
In the Fire (2023) N/A
In the Fire (2023) #unicode ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ "In The Fire" ဆိုတဲ့အမေရိကန်-အီတလီ ထိတ်လန့်သည်းဖိုကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ ဒေါက်တာဂရေ့စ်ဗစ်တိုးရီးယားဘန်ဟမ်ဟာ လူနေဝေးတဲ့စိုက်ပျိုးရေးခြံတစ်ခုကို အများနဲ့မတူဘဲ တမူထူးခြားနေတဲ့ကလေးကို ဆေးကုသဖို့အတွက် ရောက်လာခဲ့ပါတယ် ဂရေ့စ်အတွက်တော့ ဒီကလေးဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတစ်ခုခုဖြစ်နေတာလို့ယူဆပြီး ဘာသာရေးနဲ့မဆိုင်ဘဲ သိပ္ပံနည်းအရကုသနိုင်မယ်လို့ တထစ်ချယုံကြည်ထားပါတယ် ဒါပေမယ့် ဒေသခံတွေကတော့ ဆန့်ကျင်ဘက်ပါပဲ ဘာသာရေးကိုင်းရှိုင်းလွန်းတဲ့ ဒေသခံတွေဟာ သူတို့အပင်တွေပိုးကျတာ၊ မွေးမြူရေးတိရစ္ဆာန်တွေသေကြေတာ၊ ရောဂါပိုးတွေကူးစက်ကြတာအားလုံးက ဒီကလေးကြောင့်ဖြစ်နေတာ၊ ဒီကလေးက နတ်ဆိုးပူးကပ်နေတာလို့ပဲ ယူဆကြပါတယ် ဒေါက်တာဂရေ့စ်တစ်ယောက် ဘာသာရေးနဲ့ သိပ္ပံအယူအဆသဘောထားတွေကြားထဲမှာ ဘယ်လိုအကြပ်ရိုက်ဦးမလဲ၊ သူများနဲ့မတူထူးခြားနေတဲ့ ကောင်လေးကိုရော ဘယ်လိုနည်းနဲ့ ကုသနိုင်မှာလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော် ##zawgyi ဒီတစ္ေခါက္တင္ဆက္ေပးမွာကေတာ့ "In The Fire" ဆိုတဲ့အေမရိကန္-အီတလီ ထိတ္လန႔္သည္းဖိုကားေလးပဲျဖစ္ပါတယ္ ဇာတ္လမ္းအက်ဥ္းေလးကေတာ့ ေဒါက္တာဂေရ႕စ္ဗစ္တိုးရီးယားဘန္ဟမ္ဟာ လူေနေဝးတဲ့စိုက္ပ်ိဳးေရးၿခံတစ္ခုကို အမ်ားနဲ႔မတူဘဲ တမူထူးျခားေနတဲ့ကေလးကို ေဆးကုသဖို႔အတြက္ ေရာက္လာခဲ့ပါတယ္ ဂေရ႕စ္အတြက္ေတာ့ ဒီကေလးဟာ စိတ္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းမႈတစ္ခုခုျဖစ္ေနတာလို႔ယူဆၿပီး ဘာသာေရးနဲ႔မဆိုင္ဘဲ သိပၸံနည္းအရကုသႏိုင္မယ္လို႔ တထစ္ခ်ယုံၾကည္ထားပါတယ္ ဒါေပမယ့္ ေဒသခံေတြကေတာ့ ဆန႔္က်င္ဘက္ပါပဲ ဘာသာေရးကိုင္းရႈိင္းလြန္းတဲ့ ေဒသခံေတြဟာ သူတို႔အပင္ေတြပိုးက်တာ၊ ေမြးျမဴေရးတိရစာၦန္ေတြေသေၾကတာ၊ ေရာဂါပိုးေတြကူးစက္ၾကတာအားလုံးက ဒီကေလးေၾကာင့္ျဖစ္ေနတာ၊ ဒီကေလးက နတ္ဆိုးပူးကပ္ေနတာလို႔ပဲ ယူဆၾကပါတယ္ ေဒါက္တာဂေရ႕စ္တစ္ေယာက္ ဘာသာေရးနဲ႔ သိပၸံအယူအဆသေဘာထားေတြၾကားထဲမွာ ...
N/A
IMDB: N/A/10 N/A votes
movie

In the Fire (2023)

2023
Mistake (2023) 8.7
Mistake (2023) #unicode ဒီတစ်ခါမှာတော့ Mistake ဆိုတဲ့ အိန္ဒိယဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကာသစ် ဒေ့ဗ်နဲ့အက်ဂါစတီရာတို့သူငယ်ချင်းသုံးယောက်က ဘဝကိုပေါ့ပေါ့နေပေါ့ပေါ့စားဖြတ်သန်းသူတွေပါ။ တစ်နေ့တော့ သူတို့ကျူးလွန်လိုက်မိတဲ့ အမှားသေးသေးလေးကြောင့်အသက်ကိုခြိမ်းခြောက်ခံရတဲ့အထိကို ဖြစ်လာတာကြောင့် သူတို့ကောင်မလေးတွေကိုခေါ်ပြီးထွက်ပြေးတိမ်းရှောင်ဖို့ စီစဉ်ခဲ့ပါတယ်။ဒါပေမဲ့လည်း နောက်ထပ်ထူးဆန်းတဲ့လူတစ်ယောက်က သူတို့နောက်ကလိုက်လာပြီး သူတို့မှာမရှိတဲ့ပစ္စည်းတစ်ခုကို ဇွတ်လိုက်တောင်းနေပါတယ်။အဲ့လိုနဲ့သူတို့လုပ်တဲ့အမှားက သူတို့ဘဝအတွက် ကောင်းမွန်တဲ့အမှားဖြစ်သွားမှာလား ဆိုးရွားတဲ့အမှားဖြစ်သွားမလားဆိုတာကို ပဟေဠိဆန်ဆန်နဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ##zawgyi ဒီတစ္ခါမွာေတာ့ Mistake ဆိုတဲ့ အိႏၵိယဇာတ္ကားေလးနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ ကာသစ္ ေဒ့ဗ္နဲ႔အက္ဂါစတီရာတို႔သူငယ္ခ်င္းသုံးေယာက္က ဘဝကိုေပါ့ေပါ့ေနေပါ့ေပါ့စားျဖတ္သန္းသူေတြပါ။ တစ္ေန႔ေတာ့ သူတို႔က်ဴးလြန္လိုက္မိတဲ့ အမွားေသးေသးေလးေၾကာင့္အသက္ကိုၿခိမ္းေျခာက္ခံရတဲ့အထိကို ျဖစ္လာတာေၾကာင့္ သူတို႔ေကာင္မေလးေတြကိုေခၚၿပီးထြက္ေျပးတိမ္းေရွာင္ဖို႔ စီစဥ္ခဲ့ပါတယ္။ဒါေပမဲ့လည္း ေနာက္ထပ္ထူးဆန္းတဲ့လူတစ္ေယာက္က သူတို႔ေနာက္ကလိုက္လာၿပီး သူတို႔မွာမရွိတဲ့ပစၥည္းတစ္ခုကို ဇြတ္လိုက္ေတာင္းေနပါတယ္။အဲ့လိုနဲ႔သူတို႔လုပ္တဲ့အမွားက သူတို႔ဘဝအတြက္ ေကာင္းမြန္တဲ့အမွားျဖစ္သြားမွာလား ဆိုး႐ြားတဲ့အမွားျဖစ္သြားမလားဆိုတာကို ပေဟဠိဆန္ဆန္နဲ႔ ၾကည့္ရႈခံစားရမွာျဖစ္ပါတယ္။ Review –  Thant Sin hnin File Size –  1.2,2.8GB Format…mp4 Quality : 720p WED-DL,1080p WED-DL Subtitle : Myanmar Subtitle (Hard Sub) Translated by Thant Sin hnin Encoded by Arrow ================================================================================= Yoteshin Linkကို Web Browserမှ ...
8.7
IMDB: 8.7/10 607 votes
movie

Mistake (2023)

2023
Tufang (2023) 8.1
Tufang (2023) #unicode Tufangဇာတ်ကားမှာတော့ Arjanဟာ မိသားစုအမွေအနှစ်ဖြစ်တဲ့သေနတ်ဆိုင်ကို အဖိုးနဲ့အတူဦးစီးနေသူဖြစ်ပြီးတော့ သေနတ်ပစ်ရတာကို အရမ်းဝါသနာထုံသူလဲဖြစ်တယ်။တစ်နေ့မှာတော့ မိန်းကလေး၂ယောက်က သူတို့ဆိုင်ကနေ သေနတ်တစ်လက်ခိုးသွားခဲ့တာကြောင့်Arjanဟာ သေနတ်ခိုးသွားတဲ့ သူခိုးကိုလိုက်ရှာခဲ့တယ်။သေနတ်ခိုးသွားတဲ့Deepကို Arjanတစ်ယောက် ဖမ်းမိသွားတဲ့အချိန်မှာတော့ Deepက သူ့ကို သေနတ်ပစ်သင်ပေးဖို့ Arjanကို တောင်းဆိုခဲ့တယ်။Deepရဲ့ မိန်းကလေးဖြစ်နေပေမဲ့ သတ္တိရှိသန်မာတဲ့ပုံစံကြောင့် Arjanဟာ Deepကို သေနတ်ပစ်သင်ပေးရင်းနဲ့ ချစ်မိသွားခဲ့တယ်။ Arjanတစ်ယောက် Deepကို လက်ထပ်ခွင့်တောင်းတဲ့အချိန်မှာတော့ Deepက သူ့ကိုလက်ထပ်ချင်ရင် လူ၂ယောက်ကို သတ်ပေးဖို့ပြောခဲ့တယ်။ Deepက ဘာလို့လူ၂ယောက်ကို သတ်ချင်နေရတာလဲ Arjanကရော ချစ်ရတဲ့မိန်းကလေးတောင်းဆိုတဲ့အတိုင်း လူသတ်ပေးမလားဆိုတာကို ကြည့်ရှူကြပါအုံး။ ##zawgyi Tufangဇာတ္ကားမွာေတာ့ Arjanဟာ မိသားစုအေမြအႏွစ္ျဖစ္တဲ့ေသနတ္ဆိုင္ကို အဖိုးနဲ႔အတူဦးစီးေနသူျဖစ္ၿပီးေတာ့ ေသနတ္ပစ္ရတာကို အရမ္း၀ါသနာထုံသူလဲျဖစ္တယ္။တစ္ေန႔မွာေတာ့ မိန္းကေလး၂ေယာက္က သူတို႔ဆိုင္ကေန ေသနတ္တစ္လက္ခိုးသြားခဲ့တာေၾကာင့္Arjanဟာ ေသနတ္ခိုးသြားတဲ့ သူခိုးကိုလိုက္ရွာခဲ့တယ္။ေသနတ္ခိုးသြားတဲ့Deepကို Arjanတစ္ေယာက္ ဖမ္းမိသြားတဲ့အခ်ိန္မွာေတာ့ Deepက သူ႔ကို ေသနတ္ပစ္သင္ေပးဖို႔ Arjanကို ေတာင္းဆိုခဲ့တယ္။Deepရဲ႕ မိန္းကေလးျဖစ္ေနေပမဲ့ သတၱိရွိသန္မာတဲ့ပုံစံေၾကာင့္ Arjanဟာ Deepကို ေသနတ္ပစ္သင္ေပးရင္းနဲ႔ ခ်စ္မိသြားခဲ့တယ္။ Arjanတစ္ေယာက္ Deepကို လက္ထပ္ခြင့္ေတာင္းတဲ့အခ်ိန္မွာေတာ့ Deepက သူ႔ကိုလက္ထပ္ခ်င္ရင္ လူ၂ေယာက္ကို သတ္ေပးဖို႔ေျပာခဲ့တယ္။ Deepက ဘာလို႔လူ၂ေယာက္ကို ...
8.1
IMDB: 8.1/10 2,461 votes
movie

Tufang (2023)

2023
Scarygirl (2023) N/A
Scarygirl (2023) #unicode Scary Girlဇာတ်ကားမှာတော့ ရေဘဝဲတစ်ပိုင်းလူတစ်ပိုင်းသတ္တဝါလေးArkieဟာ အဖေဖြစ်သူနဲ့အတူ ပန်နီဇွဲလားကျွန်းဆွယ်မှာ အပင်တွေကို စောင့်ရှောက်နေသူဖြစ်တယ်။Arkieဟာ စက်ပစ္စည်းတွေကို တီထွင်ရတာ သဘောကျပေမဲ့ အဖေဖြစ်သူBlisterကတော့ မြို့ကDr Maybeeရဲ့ နေစွမ်းအင်ကိုအသုံးချပြီး စက်ပစ္စည်းတွေကို တီထွင်နေမှုကြောင့် နေစွမ်းအင်ခမ်းခြောက်လာခဲ့တဲ့အတွက် အပင်တွေသေဆုံးနေတာကြောင့် စက်ပစ္စည်းတွေကို မုန်းတီးနေသူဖြစ်တယ်။တစ်နေ့မှာတော့Dr Maybeeဟာ Blisterရဲ့ ရေဘဝဲစွမ်းအားကို အလိုရှိလာတာကြောင့် Blisterကို ဖမ်းခေါ်သွားခဲ့ပါတယ်။ Arkieဟာ အဖေဖြစ်သူကို ကယ်တင်ဖို့အတွက် သူတစ်ခါမှမရောက်ဖူးတဲ့မြို့ကို သူငယ်ချင်း Bunniguruနဲ့Eggနဲ့အတူလိုက်သွားခဲ့တယ်။ Arkieတစ်ယောက်Dr Maybeeကိုရင်ဆိုင်ပြီးတော့ အဖေကို ကယ်တင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှူကြပါအုံး။ ##zawgyi Scary Girlဇာတ္ကားမွာေတာ့ ေရဘ၀ဲတစ္ပိုင္းလူတစ္ပိုင္းသတၱ၀ါေလးArkieဟာ အေဖျဖစ္သူနဲ႔အတူ ပန္နီဇြဲလားကြၽန္းဆြယ္မွာ အပင္ေတြကို ေစာင့္ေရွာက္ေနသူျဖစ္တယ္။Arkieဟာ စက္ပစၥည္းေတြကို တီထြင္ရတာ သေဘာက်ေပမဲ့ အေဖျဖစ္သူBlisterကေတာ့ ၿမိဳ႕ကDr Maybeeရဲ႕ ေနစြမ္းအင္ကိုအသုံးခ်ၿပီး စက္ပစၥည္းေတြကို တီထြင္ေနမႈေၾကာင့္ ေနစြမ္းအင္ခမ္းေျခာက္လာခဲ့တဲ့အတြက္ အပင္ေတြေသဆုံးေနတာေၾကာင့္ စက္ပစၥည္းေတြကို မုန္းတီးေနသူျဖစ္တယ္။တစ္ေန႔မွာေတာ့Dr Maybeeဟာ Blisterရဲ႕ ေရဘ၀ဲစြမ္းအားကို အလိုရွိလာတာေၾကာင့္ Blisterကို ဖမ္းေခၚသြားခဲ့ပါတယ္။ Arkieဟာ အေဖျဖစ္သူကို ကယ္တင္ဖို႔အတြက္ သူတစ္ခါမွမေရာက္ဖူးတဲ့ၿမိဳ႕ကို သူငယ္ခ်င္း Bunniguruနဲ႔Eggနဲ႔အတူလိုက္သြားခဲ့တယ္။ Arkieတစ္ေယာက္Dr Maybeeကိုရင္ဆိုင္ၿပီးေတာ့ အေဖကို ကယ္တင္ႏိုင္ပါ့မလားဆိုတာကို ...
N/A
IMDB: N/A/10 19 votes
movie

Scarygirl (2023)

2023
Kasargold (2023) N/A
Kasargold (2023) #unicode Kasargoldဇာတ်ကားမှာတော့ သမီးလေးဆေးရုံဖိုးအတွက် ငွေလိုအပ်နေတဲ့Farziဟာ သူငယ်ချင်းဖြစ်သူAlbiနဲ့ပူးပေါင်းကာ ဒူဘိုင်းက ရွေခိုးသယ်နေတဲ့ လူမိုက်ဂိုဏ်းတစ်ခုရဲ့ ရွှေတွေကို ခိုးယူဖို့စီစဉ်ခဲ့တယ်။Albiဟာ ရွှေခိုးသယ်နေတဲ့ လူမိုက်ဂိုဏ်းက အတွင်းလူဖြစ်ပြီးတော့ Farziနဲ့အတူ သူတို့ဂိုဏ်းက ရွှေတွေကိုခိုးကာ ထွက်ပြေးဖို့ စီစဉ်ခဲ့ကြတယ်။သူငယ်ချင်း၂ယောက်သား အောင်မြင်စွာ ရွှေတွေကို ခိုးယူနိုင်ခဲ့ပေမဲ့ ဒီဂိုဏ်းခေါင်းဆောင်တွေက နိုင်ငံရေးသမားတွေဖြစ်နေတာကြောင့် ရဲတွေရော လူမိုက်တွေကပါ သူတို့ကိုနေရာအနှံ့မှာ လိုက်ရှာနေကြတာမို့ ပြေးပေါက်ပိတ်နေခဲ့ကြတယ်။Farziတို့နှစ်ယောက် ပုန်းအောင်းနေချိန်မှာ လူမိုက်ဂိုဏ်းက Farziရဲ့မိသားစုကိုပါ လာရောက်ခြိမ်းခြောက်သောအခါ Farziနဲ့Albiတို့သူငယ်ချင်း၂ယောက် ရွှေတွေနဲ့အတူ ဒီလူမိုက်ဂိုဏ်းလက်ထဲကနေ ဘေးကင်းကင်းထွက်ပြေးနိုင်ပါမလားဆိုတာကို ကြည့်ရှူကြပါအုံး။ ##zawgyi Kasargoldဇာတ္ကားမွာေတာ့ သမီးေလးေဆး႐ုံဖိုးအတြက္ ေငြလိုအပ္ေနတဲ့Farziဟာ သူငယ္ခ်င္းျဖစ္သူAlbiနဲ႔ပူးေပါင္းကာ ဒူဘိုင္းက ေ႐ြခိုးသယ္ေနတဲ့ လူမိုက္ဂိုဏ္းတစ္ခုရဲ႕ ေ႐ႊေတြကို ခိုးယူဖို႔စီစဥ္ခဲ့တယ္။Albiဟာ ေ႐ႊခိုးသယ္ေနတဲ့ လူမိုက္ဂိုဏ္းက အတြင္းလူျဖစ္ၿပီးေတာ့ Farziနဲ႔အတူ သူတို႔ဂိုဏ္းက ေ႐ႊေတြကိုခိုးကာ ထြက္ေျပးဖို႔ စီစဥ္ခဲ့ၾကတယ္။သူငယ္ခ်င္း၂ေယာက္သား ေအာင္ျမင္စြာ ေ႐ႊေတြကို ခိုးယူႏိုင္ခဲ့ေပမဲ့ ဒီဂိုဏ္းေခါင္းေဆာင္ေတြက ႏိုင္ငံေရးသမားေတြျဖစ္ေနတာေၾကာင့္ ရဲေတြေရာ လူမိုက္ေတြကပါ သူတို႔ကိုေနရာအႏွံ႔မွာ လိုက္ရွာေနၾကတာမို႔ ေျပးေပါက္ပိတ္ေနခဲ့ၾကတယ္။Farziတို႔ႏွစ္ေယာက္ ပုန္းေအာင္းေနခ်ိန္မွာ လူမိုက္ဂိုဏ္းက Farziရဲ႕မိသားစုကိုပါ လာေရာက္ၿခိမ္းေျခာက္ေသာအခါ Farziနဲ႔Albiတို႔သူငယ္ခ်င္း၂ေယာက္ ေ႐ႊေတြနဲ႔အတူ ဒီလူမိုက္ဂိုဏ္းလက္ထဲကေန ေဘးကင္းကင္းထြက္ေျပးႏိုင္ပါမလားဆိုတာကို ...
N/A
IMDB: N/A/10 119 votes
movie

Kasargold (2023)

2023
Prema Vimanam (2023) N/A
Prema Vimanam (2023) #unicode ဒီတစ်ခါမှာတော့ Prema Vimanamဆိုတဲ့ အိန္ဒိယာဒရမ်မာကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ တကယ့်ဘဝအဖြစ်ပျက်နဲ့လည်း တူရမယ် ပရိတ်သတ်တွေကိုလည်းစိတ်ခွန်အားဖြစ်စေရမယ်ဆိုတဲ့ ဇာတ်ညွှန်းကိုလိုက်ရှာနေတဲ့ စာရေးဆရာမလေးတစ်ယောက်ဟာ တစ်နေ့မှာ သူ့အမေဆီက သူနဲ့ဆက်စပ်နေတယ်ဆိုတဲ့ စာအုပ်တစ်အုပ်လက်ခံရရှိခဲ့ပါတယ်။ အဲ့စာအုပ်ထဲမှာ လေယာဉ်သိပ်စီးချင်တဲ့ အရပ်သားကလေးနှစ်ယောက်ရဲ့ဘဝအဖြစ်ပျက်ပေါင်းစုံနဲ့ ဂုဏ်ရည်အဆင့်တန်းချင်းမတူနဲ့ သူဌေးသမီးနဲ့ကုန်စုံဆိုင်ကလူငယ်လေးတစ်ယောက်ရဲ့အကြောင်းကိုရေးသားပုံဖော်ထားတာဖြစ်ပါတယ်။အဲ့ဒီစာအုပ်ကလေးကနေ ဘယ်လိုဇာတ်ညွှန်းကောင်းတွေရပြီးဘဝအတွက်ဘယ်လိုစိတ်ခွန်အားတွေ သင်ခန်းစာတွေပေးနိုင်မလဲဆိုတာကို ကြည့်ရှုခံစားရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ ##zawgyi ဒီတစ္ခါမွာေတာ့ Prema Vimanamဆိုတဲ့ အိႏၵိယာဒရမ္မာကားေလးနဲ႔မိတ္ဆက္ေပးခ်င္ပါတယ္။ တကယ့္ဘဝအျဖစ္ပ်က္နဲ႔လည္း တူရမယ္ ပရိတ္သတ္ေတြကိုလည္းစိတ္ခြန္အားျဖစ္ေစရမယ္ဆိုတဲ့ ဇာတ္ၫႊန္းကိုလိုက္ရွာေနတဲ့ စာေရးဆရာမေလးတစ္ေယာက္ဟာ တစ္ေန႔မွာ သူ႔အေမဆီက သူနဲ႔ဆက္စပ္ေနတယ္ဆိုတဲ့ စာအုပ္တစ္အုပ္လက္ခံရရွိခဲ့ပါတယ္။ အဲ့စာအုပ္ထဲမွာ ေလယာဥ္သိပ္စီးခ်င္တဲ့ အရပ္သားကေလးႏွစ္ေယာက္ရဲ႕ဘဝအျဖစ္ပ်က္ေပါင္းစုံနဲ႔ ဂုဏ္ရည္အဆင့္တန္းခ်င္းမတူနဲ႔ သူေဌးသမီးနဲ႔ကုန္စုံဆိုင္ကလူငယ္ေလးတစ္ေယာက္ရဲ႕အေၾကာင္းကိုေရးသားပုံေဖာ္ထားတာျဖစ္ပါတယ္။အဲ့ဒီစာအုပ္ကေလးကေန ဘယ္လိုဇာတ္ၫႊန္းေကာင္းေတြရၿပီးဘဝအတြက္ဘယ္လိုစိတ္ခြန္အားေတြ သင္ခန္းစာေတြေပးႏိုင္မလဲဆိုတာကို ၾကည့္ရႈခံစားရမယ့္ ဇာတ္ကားေလးျဖစ္ပါတယ္။ Review –  Thant Sin hnin File Size –  1.2GB,2.8GB Format…mp4 Quality : 720p WED-DL,1080p WED-DL Subtitle : Myanmar Subtitle (Hard Sub) Translated by Thant Sin hnin Encoded by Arrow ================================================================================= Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login ...
N/A
IMDB: N/A/10 8 votes
movie

Prema Vimanam (2023)

2023
Mark Antony (2023) 7.2
Mark Antony (2023) #unicode Mark Antonyဇာတ်ကားမှာတော့ Antonyနဲ့Jackieဟာ သူငယ်ချင်းတွေဖြစ်ပြီးတော့ လူတိုင်းကြောက်ရတဲ့ နာမည်ကြီးလူမိုက်တွေဖြစ်ပါတယ်။ ပြိုင်ဖက်လူမိုက်တစ်ယောက်က Antonyကို သတ်ဖြတ်ခဲ့တဲ့အတွက် Jackieဟာ အဲ့လူကို လက်စားချေဖို့လိုက်ရှာနေရင်း Antonyသား Markကိုပါ သားအရင်းသဖွယ်စောင့်ရှောက်ခဲ့တယ်။ကားပြင်ဆရာMarkဟာ ချစ်ရတဲ့မိန်းကလေးRamraနဲ့အတူ ဘဝကို အေးအေးဆေးဆေးဖြတ်သန်းချင်နေပေမဲ့ သူ့အဖေAntonyရဲ့ လူမိုက်ပုံရိပ်ဟာ သူ့ဘဝမှာ အရိပ်မည်းကြီးလိုဖြစ်နေခဲ့တယ်။ တစ်နေ့မှာတော့ အတိတ်ကလူတွေနဲ့စကားပြောနိုင်တဲ့ ဖုန်းတစ်လုံးကိုMarkတစ်ယောက်ရရှိခဲ့ပြီး သူ့အဖေအပေါ် မကျေနပ်ချက်တွေ ဖွင့်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ဒါပေမဲ့Markထင်ထားသလို သူ့အဖေAntonyဟာ လူဆိုးတစ်ယောက်မဟုတ်နေဘဲနဲ့ လူတိုင်းလေးစားအားကိုးရတဲ့ လူမှန်း သိသွားတဲ့အချိန်မှာတော့ Markဟာ အဲ့ဖုန်းကိုသုံးပြီးတော့ Antonyကိုကယ်တင်ဖို့ ကြိုးစားပါတော့တယ်။Markတစ်ယောက် အတိတ်က လူတွေနဲ့ ဆက်သွယ်ပြီးတော့ လွန်ခဲ့တဲ့နှစ်၂၀က အမှန်တရားကို ဘယ်လိုဖော်ထုတ်မလဲဆိုတာကို ကြည့်ရှူကြပါအုံး။ ##zawgyi Mark Antonyဇာတ္ကားမွာေတာ့ Antonyနဲ႔Jackieဟာ သူငယ္ခ်င္းေတြျဖစ္ၿပီးေတာ့ လူတိုင္းေၾကာက္ရတဲ့ နာမည္ႀကီးလူမိုက္ေတြျဖစ္ပါတယ္။ ၿပိဳင္ဖက္လူမိုက္တစ္ေယာက္က Antonyကို သတ္ျဖတ္ခဲ့တဲ့အတြက္ Jackieဟာ အဲ့လူကို လက္စားေခ်ဖို႔လိုက္ရွာေနရင္း Antonyသား Markကိုပါ သားအရင္းသဖြယ္ေစာင့္ေရွာက္ခဲ့တယ္။ကားျပင္ဆရာMarkဟာ ခ်စ္ရတဲ့မိန္းကေလးRamraနဲ႔အတူ ဘ၀ကို ေအးေအးေဆးေဆးျဖတ္သန္းခ်င္ေနေပမဲ့ သူ႔အေဖAntonyရဲ႕ လူမိုက္ပုံရိပ္ဟာ သူ႔ဘ၀မွာ အရိပ္မည္းႀကီးလိုျဖစ္ေနခဲ့တယ္။ တစ္ေန႔မွာေတာ့ အတိတ္ကလူေတြနဲ႔စကားေျပာႏိုင္တဲ့ ဖုန္းတစ္လုံးကိုMarkတစ္ေယာက္ရရွိခဲ့ၿပီး သူ႔အေဖအေပၚ မေက်နပ္ခ်က္ေတြ ဖြင့္ထုတ္ဖို႔ ဆုံးျဖတ္ခဲ့တယ္။ဒါေပမဲ့Markထင္ထားသလို သူ႔အေဖAntonyဟာ ...
7.2
IMDB: 7.2/10 1,925 votes
movie

Mark Antony (2023)

2023
Once Upon a Star (2023) N/A
Once Upon a Star (2023) #unicode Once Upon A Starဇာတ်ကားကတော့ 60ခုနှစ်က ထိုင်းနယ်လှည့်ရုပ်ရှင်အဖွဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ကားလေးဖြစ်ပါတယ်။ Manitဟာ နယ်လှည့်ကာ ရုပ်ရှင်လိုက်ပြနေရတဲ့ ဆေးဝါးကုမ္ပဏီက အသံသရုပ်ဆောင်ဝန်ထမ်းတစ်ယောက်ဖြစ်တယ်။Manitဟာ အသံသရုပ်ဆောင်အဖြစ်လုပ်ကိုင်နေရတာကို ပျော်ရွှင်နေသူဖြစ်ပေမဲ့ သူတို့အဖွဲ့ဟာ ပစ္စည်းကိရိယာချို့ယွင်းချက်တွေအပါအဝင် အမျိုးသမီးအသံသရုပ်ဆောင်ပါမရှိတာကြောင့် အခြားအဖွဲ့တွေကို မယှဉ်နိုင်ဖြစ်နေတာကြောင့် စိတ်ဓာတ်ကျနေခဲ့တယ်။ တစ်နေ့မှာတော့ အရည်အချင်းရှိတဲ့အမျိုးသမီးအသံသရုပ်ဆောင်Rueang ဟာ Manitတို့အဖွဲ့ထဲမှာပါဝင်ခွင့်ရဖို့ အလုပ်လာလျှောက်ခဲ့တယ်။Rueang ဟာ အသံသရုပ်ဆောင်အဖြစ်ပါရမီပါပေမဲ့ သူမအိမ်မက်ဖြစ်တဲ့ အတွင်းရေးမှူးအလုပ်ရဖို့အတွက် လက်နှိပ်စက်ရိုက်တဲ့သင်တန်းကို တက်ချင်နေသူဖြစ်တယ်။ သင်တန်းတက်ဖို့ ပိုက်ဆံစုဖို့အတွက် Manitတို့အဖွဲ့မှာ အလုပ်လာလုပ်တာပဲဖြစ်ပါတယ်။အိမ်မက်ကိုယ်စီနဲ့ Manitတို့ နယ်လှည့်ရုပ်ရှင်အဖွဲ့လေးဟာ အခက်အခဲတွေကို ကျော်ဖြတ်ပြီး သူတို့အိမ်မက်မက်တွေကို အကောင်အထည်ဖော်နိုင်မလားဆိုတာကို ကြည့်ရှုကြပါအုံး။ ##zawgyi Once Upon A Starဇာတ္ကားကေတာ့ 60ခုႏွစ္က ထိုင္းနယ္လွည့္႐ုပ္ရွင္အဖြဲ႕အေၾကာင္းကို ႐ိုက္ကူးထားတဲ့ ကားေလးျဖစ္ပါတယ္။ Manitဟာ နယ္လွည့္ကာ ႐ုပ္ရွင္လိုက္ျပေနရတဲ့ ေဆး၀ါးကုမၸဏီက အသံသ႐ုပ္ေဆာင္၀န္ထမ္းတစ္ေယာက္ျဖစ္တယ္။Manitဟာ အသံသ႐ုပ္ေဆာင္အျဖစ္လုပ္ကိုင္ေနရတာကို ေပ်ာ္႐ႊင္ေနသူျဖစ္ေပမဲ့ သူတို႔အဖြဲ႕ဟာ ပစၥည္းကိရိယာခ်ိဳ႕ယြင္းခ်က္ေတြအပါအ၀င္ အမ်ိဳးသမီးအသံသ႐ုပ္ေဆာင္ပါမရွိတာေၾကာင့္ အျခားအဖြဲ႕ေတြကို မယွဥ္ႏိုင္ျဖစ္ေနတာေၾကာင့္ စိတ္ဓာတ္က်ေနခဲ့တယ္။ တစ္ေန႔မွာေတာ့ အရည္အခ်င္းရွိတဲ့အမ်ိဳးသမီးအသံသ႐ုပ္ေဆာင္Rueang ဟာ Manitတို႔အဖြဲ႕ထဲမွာပါ၀င္ခြင့္ရဖို႔ အလုပ္လာေလွ်ာက္ခဲ့တယ္။Rueang ဟာ အသံသ႐ုပ္ေဆာင္အျဖစ္ပါရမီပါေပမဲ့ သူမအိမ္မက္ျဖစ္တဲ့ အတြင္းေရးမႉးအလုပ္ရဖို႔အတြက္ ...
N/A
IMDB: N/A/10 N/A votes
movie

Once Upon a Star (2023)

2023
It Lives Inside (2023) 5.7
It Lives Inside (2023) #unicode ဒီတစ်ခါမှာတော့ It.Lives.Inside.ဆိုတဲ့ Horror ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဆာမီဒါကနိုင်ငံခြားမှာ အခြေချနေတဲ့ အိန္ဒိယမိသားစုက သမီးတစ်ယောက်ဖြစ်ပါတယ်။သူကအဲ့ဒီအသိုင်းဝိုင်းနဲ့အံဝင်ဂွင်ကျဖြစ်ဖို့ ကြိုးစားရင်း မိမိရဲ့ရိုးရာအစဉ်လာတွေ ဘာသာစကားတွေကိုမေ့ပစ်ဖို့ကြိုးစားနေတာပါ။အဲ့လိုနဲ့တစ်နေ့မှာ အရှေ့အိန္ဒိယဒဏ္ဍာရီထဲက မကောင်းဆိုးဝါးဟာသူ့ငယ်သူချင်းတာမီရာကနေတဆင့် သူနဲ့ပတ်သတ်လာခဲ့ပါတယ်။တာမီရာပြောပြတုန်းက သူကမယုံပဲဆိုဒ်ကိုမလို့ပြောခဲ့ပေမယ့် သူကိုယ်တိုင်ကြုံတွေ့လာရတဲ့အခါမှာ ဘယ်လိုတွေဒုက္ခရောက်မလဲ။ဘာတွေဖြစ်လာမှာလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ။ ##zawgyi ဒီတစ္ခါမွာေတာ့ It.Lives.Inside.ဆိုတဲ့ Horror ကားေလးနဲ႔မိတ္ဆက္ေပးခ်င္ပါတယ္။ ဆာမီဒါကႏိုင္ငံျခားမွာ အေျခခ်ေနတဲ့ အိႏၵိယမိသားစုက သမီးတစ္ေယာက္ျဖစ္ပါတယ္။သူကအဲ့ဒီအသိုင္းဝိုင္းနဲ႔အံဝင္ဂြင္က်ျဖစ္ဖို႔ ႀကိဳးစားရင္း မိမိရဲ႕႐ိုးရာအစဥ္လာေတြ ဘာသာစကားေတြကိုေမ့ပစ္ဖို႔ႀကိဳးစားေနတာပါ။အဲ့လိုနဲ႔တစ္ေန႔မွာ အေရွ႕အိႏၵိယဒ႑ာရီထဲက မေကာင္းဆိုးဝါးဟာသူ႔ငယ္သူခ်င္းတာမီရာကေနတဆင့္ သူနဲ႔ပတ္သတ္လာခဲ့ပါတယ္။တာမီရာေျပာျပတုန္းက သူကမယုံပဲဆိုဒ္ကိုမလို႔ေျပာခဲ့ေပမယ့္ သူကိုယ္တိုင္ႀကဳံေတြ႕လာရတဲ့အခါမွာ ဘယ္လိုေတြဒုကၡေရာက္မလဲ။ဘာေတြျဖစ္လာမွာလဲဆိုတာကို စိတ္ဝင္တစားၾကည့္ရႈရမွာပါ။ Review –  Thant Sin hnin File Size – 900MB,2.3GB Format…mp4 Quality : 720p WED-DL,1080p WED-DL Subtitle : Myanmar Subtitle (Hard Sub) Translated by Thant Sin hnin Encoded by Arrow ================================================================================= Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။ GDtot လင့္ေဒါင္းနည္း (အစိမ္းျပထားတာကိုကလစ္ပါ) GDtotဒေါင်းနည်း ...
5.7
IMDB: 5.7/10 1,147 votes
movie

It Lives Inside (2023)

2023
Down Low (2023) 7.9
Down Low (2023) #unicode Down Lowဇာတ်ကားမှာတော့ ကင်ဆာရောဂါနဲ့ မကြာခင်သေဆုံးရတော့မယ်ဆိုတာကို သိလိုက်ရတဲ့Garyဟာ လိင်တူချစ်သူဖြစ်ကြောင်းဝန်ခံကာ မိန်းမဖြစ်သူနဲ့ ကွာရှင်းခဲ့တယ်။တစ်ဘဝလုံး ဂေးတစ်ယောက်ဖြစ်နေကြောင်းကို ဖုံးကွယ်ခဲ့ရတဲ့Garyတစ်ယောက်ဟာ သူမသေခင်မှာတော့ သူရှင်သန်ချင်တဲ့ဘဝမှာ ရှင်သန်နိုင်ဖို ့စိတ်ဆုံးဖြတ်ထားတာပေါ့။အဲ့အတွက်Garyတစ်ယောက် လိင်လုပ်သားCameronကို အိမ်ခေါ်ခဲ့တယ်။ တစ်ဘဝလုံး ဂေးတစ်ယောက်အ‌နေနဲ့ ရှင်သန်လာတဲ့Cameronကတော့ Garyရဲ့ဘဝအကြောင်းကို ကြားလိုက်ရပြီး ‌နောက်မှာတော့ Garyရှင်သန်ချင်တဲ့ဘဝကို ရှင်သန်နိုင်ဖို့အတွက် ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့Garyနဲ့လိင်ဆက်ဆံဖို့ ခေါ်ထားတဲ့လူတစ်ယောက်ကို မတော်မဆသတ်မိသွားချိန်မှာတော့ Garyနဲ့Cameronတို့၂ယောက်သား ဒီလူသတ်မှုကို ဘယ်လိုဖုံးကွယ်ကြမလဲ။သေသွားတဲ့လူရဲ့အလောင်းကိုရော ဘယ်လိုလက်စဖျောက်ကြမလဲဆိုတာကိုကြည့်ရှူပေးကြပါအုံး။ ##zawgyi Down Lowဇာတ္ကားမွာေတာ့ ကင္ဆာေရာဂါနဲ႔ မၾကာခင္ေသဆုံးရေတာ့မယ္ဆိုတာကို သိလိုက္ရတဲ့Garyဟာ လိင္တူခ်စ္သူျဖစ္ေၾကာင္း၀န္ခံကာ မိန္းမျဖစ္သူနဲ႔ ကြာရွင္းခဲ့တယ္။တစ္ဘ၀လုံး ေဂးတစ္ေယာက္ျဖစ္ေနေၾကာင္းကို ဖုံးကြယ္ခဲ့ရတဲ့Garyတစ္ေယာက္ဟာ သူမေသခင္မွာေတာ့ သူရွင္သန္ခ်င္တဲ့ဘ၀မွာ ရွင္သန္ႏိုင္ဖို ႔စိတ္ဆုံးျဖတ္ထားတာပေါ့။အဲ့အတြက္Garyတစ္ေယာက္ လိင္လုပ္သားCameronကို အိမ္ေခၚခဲ့တယ္။ တစ္ဘ၀လုံး ေဂးတစ္ေယာက္အ‌ေနနဲ႔ ရွင္သန္လာတဲ့Cameronကေတာ့ Garyရဲ႕ဘ၀အေၾကာင္းကို ၾကားလိုက္ရၿပီး ‌ေနာက္မွာေတာ့ Garyရွင္သန္ခ်င္တဲ့ဘ၀ကို ရွင္သန္ႏိုင္ဖို႔အတြက္ ကူညီေပးဖို႔ ဆုံးျဖတ္ခဲ့တယ္။ ဒါေပမဲ့Garyနဲ႔လိင္ဆက္ဆံဖို႔ ေခၚထားတဲ့လူတစ္ေယာက္ကို မေတာ္မဆသတ္မိသြားခ်ိန္မွာေတာ့ Garyနဲ႔Cameronတို႔၂ေယာက္သား ဒီလူသတ္မႈကို ဘယ္လိုဖုံးကြယ္ၾကမလဲ။ေသသြားတဲ့လူရဲ႕အေလာင္းကိုေရာ ဘယ္လိုလက္စေဖ်ာက္ၾကမလဲဆိုတာကိုၾကည့္ရႉေပးၾကပါအုံး။ Review –  Myet chel File Size –  900MB,2.3GB Format…mp4 Quality : 720p WED-DL,1080p WED-DL Subtitle : ...
7.9
IMDB: 7.9/10 58 votes
movie

Down Low (2023)

2023
Fair Play (2023) 7.2
Fair Play (2023) #unicode Netflix ကနေထွက်ရှိထားတာ မကြာသေးတဲ့ "Fair Play" ဆိုတဲ့ကားလေးကိုတင်ဆက်ပေးချင်ပါတယ် Rated R အမျိုးအစားဖြစ်တဲ့အတွက် မိသားစုနဲ့အတူကြည့်ဖို့တော့ မသင့်တော်ပါဘူး ဇာတ်လမ်းအကျဉ်းကတော့ လုခ်နဲ့ အမ်မလီဟာ စေ့စပ်ထားတာမကြာသေးတဲ့ သိပ်ချစ်ကြပြီး သာယာတဲ့ဆက်ဆံရေးလေးရှိတဲ့စုံတွဲဖြစ်ပါတယ် လုခ်နဲ့အမ်မလီတို့ဟာ တစ်ကုမ္ပဏီထဲအလုပ်လုပ်နေကြပေမယ့် ကုမ္ပဏီရဲ့ပေါ်လစီကြောင့် သူတို့ရဲ့ဆက်ဆံရေးကိုလျှို့ဝှက်ထားခဲ့ကြတာပါ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးမှာ အားလုံးကချောမွေ့နေခဲ့ပေမယ့် အမ်မလီတစ်ယောက် လုခ်ကိုကျော်ပြီး ရာထူးတက်သွားတဲ့အချိန်မှာတော့ အဆင်မပြေမှုတွေက စပြီးတော့ဖြစ်ပေါ်လာခဲ့ပါတယ် လုခ်အနေနဲ့ကလည်း သူအမြဲတမ်းရမယ်လို့ထင်ထားခဲ့တဲ့နေရာကို သူ့ချစ်သူအမ်မလီကရသွားခဲ့တာကြောင့် ဘယ်လိုပဲနားလည်ပေးဖို့ ကြိုးစားပါစေ စိတ်ထဲမှာ အဖုအထစ်တော့ရှိနေတာပါပဲ ဒီလိုကတောက်ကဆအဖုအထစ်တွေနဲ့ သူတို့ရဲ့ဆက်ဆံရေးကနောက်ဆုံးအထိ ခိုင်မြဲနိုင်ပါ့မလား၊ ဘယ်လိုအခက်အခဲတွေနဲ့ ပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းရဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော် ##zawgyi Netflix ကေနထြက္ရွိထားတာ မၾကာေသးတဲ့ "Fair Play" ဆိုတဲ့ကားေလးကိုတင္ဆက္ေပးခ်င္ပါတယ္ Rated R အမ်ိဳးအစားျဖစ္တဲ့အတြက္ မိသားစုနဲ႔အတူၾကည့္ဖို႔ေတာ့ မသင့္ေတာ္ပါဘူး ဇာတ္လမ္းအက်ဥ္းကေတာ့ လုခ္နဲ႔ အမ္မလီဟာ ေစ့စပ္ထားတာမၾကာေသးတဲ့ သိပ္ခ်စ္ၾကၿပီး သာယာတဲ့ဆက္ဆံေရးေလးရွိတဲ့စုံတြဲျဖစ္ပါတယ္ လုခ္နဲ႔အမ္မလီတို႔ဟာ တစ္ကုမၸဏီထဲအလုပ္လုပ္ေနၾကေပမယ့္ ကုမၸဏီရဲ႕ေပၚလစီေၾကာင့္ သူတို႔ရဲ႕ဆက္ဆံေရးကိုလွ်ိဳ႕ဝွက္ထားခဲ့ၾကတာပါ သူတို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးမွာ အားလုံးကေခ်ာေမြ႕ေနခဲ့ေပမယ့္ အမ္မလီတစ္ေယာက္ လုခ္ကိုေက်ာ္ၿပီး ရာထူးတက္သြားတဲ့အခ်ိန္မွာေတာ့ အဆင္မေျပမႈေတြက စၿပီးေတာ့ျဖစ္ေပၚလာခဲ့ပါတယ္ လုခ္အေနနဲ႔ကလည္း သူအၿမဲတမ္းရမယ္လို႔ထင္ထားခဲ့တဲ့ေနရာကို သူ႔ခ်စ္သူအမ္မလီကရသြားခဲ့တာေၾကာင့္ ဘယ္လိုပဲနားလည္ေပးဖို႔ ...
7.2
IMDB: 7.2/10 289 votes
movie

Fair Play (2023)

2023
Baang (2023) 9.4
Baang (2023) #unicode Baangဇာတ်ကားမှာတော့ Aravဟာ အမြဲပြသာနာရှာတတ်တဲ့ လူငယ်တစ်ယောက်ဖြစ်တာကြောင့် မိဘတွေရဲ့ အလွန်အမင်းစိတ်ပျက်ခံနေရသူဖြစ်တယ်။ တစ်နေ့မှာတော့ မိဘတွေနိုင်ငံခြားသွားတုန်း အိမ်ကကားကိုယူကာ ညီဖြစ်သူ Arashuuနဲ့အတူ သူငယ်ချင်းတွေနဲ့ ညလုံးပေါက် ကားလျှောက်မောင်းကာ ပျော်ပါးခဲ့ကြတယ်။ရုတ်တရတ်ကြီးလူမိုက်ဂိုဏ်းတစ်ဂိုဏ်းက Aravတို့သူငယ်ချင်းအဖွဲ့ကို တိုက်ခိုက်ကာ ညီဖြစ်သူArashuuကို ပြန်ပေးဆွဲသွားပြီးတော့ သူတို့ကားထဲမှာရှိနေတဲ့ အိတ်တစ်အိတ်ကိုယူလာပေးပြီး Arashuuကိုလာကယ်ရမယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ကားထဲမှာရှိနေတဲ့ အိတ်အကြောင်း လုံးဝမသိဖြစ်နေကြတဲ့ Aravတို့သူငယ်ချင်းအဖွဲ့မှာတော့ သူတို့မြင်တောင်မမြင်ဖူးတဲ့ အိတ်ကိုလိုက်ရှာကာ Arashuuကိုကယ်တင်ဖို့အတွက် ကြိုးစားရပါတော့တယ်။ Aravနဲ့သူ့သူငယ်ချင်းတွေ ရက်စက်ပြီး ကြောက်စရာကောင်းတဲ့ လူမိုက်ဂိုဏ်းခေါင်းဆောင်Daddyနဲ့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ကြည့်ရှုကြပါအုံး။ ##zawgyi Baangဇာတ္ကားမွာေတာ့ Aravဟာ အၿမဲျပသာနာရွာတတ္တဲ့ လူငယ္တစ္ေယာက္ျဖစ္တာေၾကာင့္ မိဘေတြရဲ႕ အလြန္အမင္းစိတ္ပ်က္ခံေနရသူျဖစ္တယ္။ တစ္ေန႔မွာေတာ့ မိဘေတြႏိုင္ငံျခားသြားတုန္း အိမ္ကကားကိုယူကာ ညီျဖစ္သူ Arashuuနဲ႔အတူ သူငယ္ခ်င္းေတြနဲ႔ ညလုံးေပါက္ ကားေလွ်ာက္ေမာင္းကာ ေပ်ာ္ပါးခဲ့ၾကတယ္။႐ုတ္တရတ္ႀကီးလူမိုက္ဂိုဏ္းတစ္ဂိုဏ္းက Aravတို႔သူငယ္ခ်င္းအဖြဲ႕ကို တိုက္ခိုက္ကာ ညီျဖစ္သူArashuuကို ျပန္ေပးဆြဲသြားၿပီးေတာ့ သူတို႔ကားထဲမွာရွိေနတဲ့ အိတ္တစ္အိတ္ကိုယူလာေပးၿပီး Arashuuကိုလာကယ္ရမယ္လို႔ ၿခိမ္းေျခာက္ခဲ့တယ္။ကားထဲမွာရွိေနတဲ့ အိတ္အေၾကာင္း လုံး၀မသိျဖစ္ေနၾကတဲ့ Aravတို႔သူငယ္ခ်င္းအဖြဲ႕မွာေတာ့ သူတို႔ျမင္ေတာင္မျမင္ဖူးတဲ့ အိတ္ကိုလိုက္ရွာကာ Arashuuကိုကယ္တင္ဖို႔အတြက္ ႀကိဳးစားရပါေတာ့တယ္။ Aravနဲ႔သူ႔သူငယ္ခ်င္းေတြ ရက္စက္ၿပီး ေၾကာက္စရာေကာင္းတဲ့ လူမိုက္ဂိုဏ္းေခါင္းေဆာင္Daddyနဲ႔ ဘယ္လိုရင္ဆိုင္ရမလဲဆိုတာ ...
9.4
IMDB: 9.4/10 53 votes
movie

Baang (2023)

2023
OMG 2 (2023) 8.1
OMG 2 (2023) #unicode Akshay Kumar ရဲ့အသစ်ထွက်ရှိလာတဲ့ "OMG 2"ကို တင်ဆက်ပေးလိုက်ပါတယ် ပထမကားတုန်းကလည်း ပရိသတ်တွေသဘောကျခဲ့ပြီးတော့ ဒီဒုတိယကားလေးကလည်းလုံးဝကို အောင်မြင်ခဲ့ပါတယ် ဇာတ်လမ်းလေးကတော့ ကန်တီဟာ ဘုရားတရားကိုင်းရှိုင်းပြီးတော့ ရိုးရိုးအေးအေးနေတတ်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ကလည်း လေးစားတာခံရတဲ့သူဖြစ်ပါတယ် ဒါပေမယ့်တစ်နေ့မှာတော့သူ့ရဲ့သားဖြစ်သူဗီဗက်က လူပျိုဖော်ဝင်ခါစ ကလေးတွေရဲ့သဘောသဘာဝအရ အာသာဖြေရင်းဆေးရုံကိုရောက်တဲ့အထိ ဖြစ်သွားခဲ့ပါတယ် ဒီကိစ္စကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ဖုံးထားဖို့ ကြိုးစားခဲ့ပေမယ့် ကျောင်းအိမ်သာထဲမှာအာသာဖြေနေတဲ့ ဗီဗက်ရဲ့ဗီဒီယိုက အနိုင်ကျင့်သူတွေလက်ချက်ကြောင့် အားလုံးဆီပြန့်သွားခဲ့ပါတယ် ကန်တီတို့မိသားစုဟာ အသိုင်းအဝိုင်းကြားထဲမှာ အရှက်ရပြီးခေါင်းမဖော်နိုင်ဖြစ်တော့တာပေါ့ အဲဒီမှာကန်တီဟာ သူ့သားကိုလည်း လူ့အသိုင်းအဝိုင်းထဲမှာပြန်လည်ဝင်ဆံ့နိုင်ဖို့နဲ့ အနာဂတ်လည်းမပျက်စီးစေဖို့အတွက် ကျောင်းနဲ့ ဗီဗက်ကိစ္စမှာပါဝင်နေတဲ့သူတိုင်းကို တရားစွဲပါတော့တယ် ဘာသာရေးကို အရမ်းကိုကိုးကွယ်သက်ဝင်တဲ့ ကန်တီကို အရှင်ရှီဗာက ဘယ်လိုလမ်းပြပေးသွားမလဲ၊ တရားရင်ဆိုင်တဲ့နေရာမှာရော ဘယ်လို အချက်တွေကိုထောက်ပြပြီး အနိုင်ယူသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ ကလေးတွေကို sex education ပေးသင့်တယ်ဆိုတဲ့အချက်ကိုလည်း ထဲထဲဝင်ဝင်ဆွေးနွေးပေးထားလို့ ဗဟုသုတလည်းရတဲ့ ဇာတ်ကားကောင်းလေးဖြစ်မှာပါ ##zawgyi Akshay Kumar ရဲ႕အသစ္ထြက္ရွိလာတဲ့ "OMG 2"ကို တင္ဆက္ေပးလိုက္ပါတယ္ ပထမကားတုန္းကလည္း ပရိသတ္ေတြသေဘာက်ခဲ့ၿပီးေတာ့ ဒီဒုတိယကားေလးကလည္းလုံးဝကို ေအာင္ျမင္ခဲ့ပါတယ္ ဇာတ္လမ္းေလးကေတာ့ ကန္တီဟာ ဘုရားတရားကိုင္းရႈိင္းၿပီးေတာ့ ႐ိုး႐ိုးေအးေအးေနတတ္တဲ့သူတစ္ေယာက္ျဖစ္တဲ့အတြက္ ပတ္ဝန္းက်င္ကလည္း ေလးစားတာခံရတဲ့သူျဖစ္ပါတယ္ ဒါေပမယ့္တစ္ေန႔မွာေတာ့သူ႔ရဲ႕သားျဖစ္သူဗီဗက္က လူပ်ိဳေဖာ္ဝင္ခါစ ကေလးေတြရဲ႕သေဘာသဘာဝအရ အာသာေျဖရင္းေဆး႐ုံကိုေရာက္တဲ့အထိ ...
8.1
IMDB: 8.1/10 21,829 votes
movie

OMG 2 (2023)

2023
Ballerina (2023) N/A
Ballerina (2023) #unicode Netflix ကနေအသစ်ထွက်ရှိလာတဲ့ "Ballerina" ဆိုတဲ့ကိုရီးယားကားလေးကို တင်ဆက်ပေးလိုက်ပါတယ် လက်စားချေတဲ့ကားမျိုးဖြစ်ပြီးတော့ သွေးသံရဲရဲအခန်းတွေနဲ့ စိတ်ဝင်တစားကြည့်ရှုရမယ့်ကားမျိုးလေးပါ ဂျန်အို့ဂျူဟာ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေအတွက် သက်တော်စောင့်အလုပ်လုပ်ပေးနေတဲ့ ကိုယ်ခံပညာကျွမ်းကျင်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ် အန္တရာယ်များတဲ့အလုပ်ကြောင့် ဘယ်အချိန်အသက်ဆုံးရှုံးရမလဲမသိနိုင်တဲ့အတွက် သူ့ဘဝဟာ ရှင်လျက်နဲ့သေသလိုပဲဖြစ်နေခဲ့တာပါ သူ့သူငယ်ချင်း ချွဲမင်ဟီးဆိုတဲ့ကောင်မလေး မပေါ်လာခင်အထိပေါ့ ဒါပေမယ့် အို့ဂျူအတွက် ကံကောင်းမှုက ကြာရှည်မခံခဲ့ပါဘူး မင်ဟီးဟာ အကြောင်းကိစ္စတစ်ချို့ကြောင့် ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပြီးတော့ သူ့အစားလက်စားချေပေးဖို့ အို့ဂျူအတွက် စာချန်ခဲ့ပါတယ် မင်ဟီးကို သတ်သေဖို့အတွက် ဘယ်လိုအခြေအနေတွေက တွန်းအားပေးခဲ့တာလဲ၊ အို့ဂျူလက်စားချေရမယ့်သူတွေကရော ဘယ်လိုလူမျိုးတွေဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော် ##zawgyi Netflix ကေနအသစ္ထြက္ရွိလာတဲ့ "Ballerina" ဆိုတဲ့ကိုရီးယားကားေလးကို တင္ဆက္ေပးလိုက္ပါတယ္ လက္စားေခ်တဲ့ကားမ်ိဳးျဖစ္ၿပီးေတာ့ ေသြးသံရဲရဲအခန္းေတြနဲ႔ စိတ္ဝင္တစားၾကည့္ရႈရမယ့္ကားမ်ိဳးေလးပါ ဂ်န္အို႔ဂ်ဴဟာ ျပည္တြင္းစီးပြားေရးလုပ္ငန္းရွင္ေတြအတြက္ သက္ေတာ္ေစာင့္အလုပ္လုပ္ေပးေနတဲ့ ကိုယ္ခံပညာကြၽမ္းက်င္တဲ့ မိန္းကေလးတစ္ေယာက္ျဖစ္ပါတယ္ အႏၲရာယ္မ်ားတဲ့အလုပ္ေၾကာင့္ ဘယ္အခ်ိန္အသက္ဆုံးရႈံးရမလဲမသိႏိုင္တဲ့အတြက္ သူ႔ဘဝဟာ ရွင္လ်က္နဲ႔ေသသလိုပဲျဖစ္ေနခဲ့တာပါ သူ႔သူငယ္ခ်င္း ခြၽဲမင္ဟီးဆိုတဲ့ေကာင္မေလး မေပၚလာခင္အထိေပါ့ ဒါေပမယ့္ အို႔ဂ်ဴအတြက္ ကံေကာင္းမႈက ၾကာရွည္မခံခဲ့ပါဘူး မင္ဟီးဟာ အေၾကာင္းကိစၥတစ္ခ်ိဳ႕ေၾကာင့္ ကိုယ့္ကိုယ္ကို သတ္ေသသြားခဲ့ၿပီးေတာ့ သူ႔အစားလက္စားေခ်ေပးဖို႔ အို႔ဂ်ဴအတြက္ စာခ်န္ခဲ့ပါတယ္ မင္ဟီးကို သတ္ေသဖို႔အတြက္ ...
N/A
IMDB: N/A/10 N/A votes
movie

Ballerina (2023)

2023
Khufiya (2023) N/A
Khufiya (2023) #unicode ဒီတစ်ခေါက်တင်ဆက်ပေးမယ့် အိန္ဒိယကားလေးကတော့ "Khufiya" ဆိုတဲ့ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ခရစ်ရှနာမယ်ဟရာ(ကေအမ်) ဟာ RAW အဖွဲ့ရဲ့ စပိုင်အေးဂျင့်တစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့အဖွဲ့ထဲက နိုင်ငံကိုသစ္စာဖောက်ပြီး လျှို့ဝှက်အချက်အလက်တွေကိုခိုးထုတ်နေတဲ့ သူလျှိုကိုဖော်ထုတ်ဖို့အတွက် တာဝန်ပေးခံရပါတယ် ဒီကိစ္စကိုခရစ်ရှနာတစ်ယောက် စိတ်ရောကိုယ်ပါနှစ်ပြီး လိုက်လံစုံစမ်းနေတာက သူ့ရဲ့ကိုယ်ရေးကိုယ်တာခံစားချက်ကြောင့်လည်းပါဝင်ခဲ့ပါတယ် ဟယ်နာရာမန်ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ ခရစ်ရှနာအတွက် စစ်ဆင်ရေးတစ်ခုမှာ သူလျှိုလုပ်ပေးခဲ့တဲ့သူဖြစ်ပြီးတော့ ခရစ်ရှနာနဲ့လည်း သာမန်မိတ်ဆွေအဆင့်ထက်ပိုခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ် ဒါပေမယ့် RAW အဖွဲ့အတွင်းက သူလျှိုကြောင့် အတွင်းသတင်းတွေပေါက်ကြားသွားခဲ့ရတဲ့အတွက် ဟယ်နာတစ်ယောက် ရန်သူ့လက်ထဲမှာပဲ အသက်ဆုံးရှုံးခဲ့ရပါတယ် ဒါကြောင့်ခရစ်ရှနာက ဌာနတွင်းက စပိုင်ကိုဖော်ထုတ်ပြီး ဟယ်နာ့ကို သတ်ဖြတ်ခဲ့တဲ့သူကိုလည်း လက်စားချေချင်နေခဲ့တာပါ ခရစ်ရှနာတစ်ယောက် သူလျှိုနဲ့ သူ့ရဲ့နောက်ကွယ်က ကြိုးကိုင်သူတွေကို ဖော်ထုတ်သွားနိုင်ပါ့မလား၊ ဟယ်နာ့အတွက် ရန်ငြှိုးကိုရောပြန်ဆပ်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာစောင့်ကြည့်ပေးကြပါဦးနော် ##zawgyi ဒီတစ္ေခါက္တင္ဆက္ေပးမယ့္ အိႏၵိယကားေလးကေတာ့ "Khufiya" ဆိုတဲ့ကားေလးပဲျဖစ္ပါတယ္ ဇာတ္လမ္းအက်ဥ္းကေတာ့ ခရစ္ရွနာမယ္ဟရာ(ေကအမ္) ဟာ RAW အဖြဲ႕ရဲ႕ စပိုင္ေအးဂ်င့္တစ္ေယာက္ျဖစ္ၿပီးေတာ့ သူ႔ရဲ႕အဖြဲ႕ထဲက ႏိုင္ငံကိုသစၥာေဖာက္ၿပီး လွ်ိဳ႕ဝွက္အခ်က္အလက္ေတြကိုခိုးထုတ္ေနတဲ့ သူလွ်ိဳကိုေဖာ္ထုတ္ဖို႔အတြက္ တာဝန္ေပးခံရပါတယ္ ဒီကိစၥကိုခရစ္ရွနာတစ္ေယာက္ စိတ္ေရာကိုယ္ပါႏွစ္ၿပီး လိုက္လံစုံစမ္းေနတာက သူ႔ရဲ႕ကိုယ္ေရးကိုယ္တာခံစားခ်က္ေၾကာင့္လည္းပါဝင္ခဲ့ပါတယ္ ဟယ္နာရာမန္ဆိုတဲ့ မိန္းကေလးတစ္ေယာက္ဟာ ခရစ္ရွနာအတြက္ စစ္ဆင္ေရးတစ္ခုမွာ သူလွ်ိဳလုပ္ေပးခဲ့တဲ့သူျဖစ္ၿပီးေတာ့ ခရစ္ရွနာနဲ႔လည္း သာမန္မိတ္ေဆြအဆင့္ထက္ပိုခဲ့ၾကတဲ့သူေတြ ...
N/A
IMDB: N/A/10 N/A votes
movie

Khufiya (2023)

2023
Gadar 2 (2023) 6.0
Gadar 2 (2023) #unicode ၂၀၀၁ ခုနှစ်လောက်တုန်းကထွက်ရှိခဲ့တဲ့ "Gabar: Ek Prem Katha" ရဲ့အဆက်ဖြစ်တဲ့ "Gadar 2" ကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးထဲမှာ အရင်သရုပ်ဆောင်တွေဖြစ်တဲ့ Sunny Deol, Ameesha Patal, Utkarsh Sharma တို့ကလည်းပြန်လည်ပါဝင်ပေးထားပါတယ် တာရာဆင်းဂ်နဲ့ ဆာကီနာတို့ဟာ ပါကစ္စတန်ကနေလွတ်မြောက်လာပြီးတဲ့နောက် အိန္ဒိယဘက်မှာပဲအေးအေးချမ်းချမ်းနဲ့ဘဝကို ဖြတ်သန်းနေပါတယ် ဒါပေမယ့် ဗိုလ်ချုပ်ဟာမစ်အစ်ဘယ်ကတော့ သူ့တပ်သားပေါင်းများစွာသေကြေပျက်စီးခဲ့ရတဲ့အတွက် တာရာဆင်းဂ်ကို အခုထိ လက်စားချေဖို့ကြံစည်နေတုန်းပါပဲ ဒီလိုနဲ့တစ်နေ့မှာတော့ တာရာဆင်းဂ်တစ်ယောက် စစ်မြေပြင်က ရှေ့တန်းတပ်သားတွေကိုကူညီရင်း ပါကစ္စတန်တွေဆီမှာအဖမ်းခံလိုက်ရတယ်လို့ သတင်းဝင်လာခဲ့ပါတယ် အဲဒီမှာ အဖေဖြစ်သူရဲ့သတင်းကြားပြီးတော့ စိတ်ထိခိုက်နေတဲ့အမေဖြစ်သူကို မကြည့်နိုင်တဲ့ဂျီတီဟာ အဖေဖြစ်သူ တာရာဆင်းဂ်ကိုကယ်တင်ဖို့အတွက် ပါကစ္စတန်နိုင်ငံထဲကို ခိုးဝင်သွားပါတော့တယ် ဂျီတီတစ်ယောက် သူ့အဖေတာရာဆင်းဂ်ကို ဘေးကင်းကင်းနဲ့ ကယ်ထုတ်နိုင်ပါ့မလား၊ သူကိုယ်တိုင်ကရော အိန္ဒိယလူမျိုးတွေဆိုရင် အရမ်းကိုမုန်းတီးနေတဲ့ ပါကစ္စတန်နယ်မြေထဲမှာ အန္တရာယ်ကင်းအောင် ဘယ်လိုရုန်းကန်ရမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော် ##zawgyi ၂၀၀၁ ခုႏွစ္ေလာက္တုန္းကထြက္ရွိခဲ့တဲ့ "Gabar: Ek Prem Katha" ရဲ႕အဆက္ျဖစ္တဲ့ "Gadar 2" ကိုတင္ဆက္ေပးလိုက္ပါတယ္ ဒီကားေလးထဲမွာ အရင္သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Sunny Deol, ...
6.0
IMDB: 6.0/10 16,475 votes
movie

Gadar 2 (2023)

2023
Deliver Us (2023) 7.9
Deliver Us (2023) #unicode ဒီတစ်ခါမှာတော့ deliever usဆိုတဲ့ ဘာသာရေး horror ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ‌ဝေးလံတဲ့သီလရှင်ကျောင်းတစ်ခုက သီလရှင်တစ်ပါးကသူဟာအပျိုစင်ဖြစ်ပြီး သန့်စင်တဲ့ကိုယ်ဝန်ကိုဆောင်ထားရတယ်လို့ ပြောနေပါတယ်။ အဲ့ဒါကြောင့်အထက်သင်းအုပ်ဘုန်းတော်ကြီးအဖွဲ့က ဖြစ်စဉ်ကို သေချာသိရအောင် ဖာသာဖော့စ်နဲ့ဗာတီကန်တစ်ယောက်ကို စေလွှတ်စုံစမ်းခိုင်းခဲ့ပါတယ်။ အဲ့ကိုယ်ဝန်က အမြွှာလေးတွေဖြစ်ပြီးတစ်ယောက်က ယေရှု တစ်ယောက်က အန္တိခရစ်အဖြစ် မွေးဖွားလာမယ်လို့လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်က ဟောကိန်းတွေလည်း ရှိခဲ့ပါတယ်။အဲ့လိုဖြစ်လာရင် ကမ္ဘာပျက်မှာဖြစ်လို့ဘုန်းတော်ကြီးတစ်ချို့က ကိုယ်ဝန်ကိုဖျက်ချဖို့ လုပ်ခဲ့ပါတယ်။ အဲ့ဒါကို သိသွားတဲ့ဖာသာဖော့စ်ကအဲ့သီလရှင်ကိုကာကွယ်ကယ်တင်ဖို့အတွက် သူ့ချစ်သူရှိရာ အက်စတိုနီးရားကိုခေါ်သွားခဲ့ပါတယ်။ဆက်လက်ပြီး ဘာတွေဖြစ်မလဲ ဟောကိန်းမှန်မလားဆိုတာတော့ရင်ခုန်စွာကြည့်ရှုရမှာပါ။ ##zawgyi ဒီတစ္ခါမွာေတာ့ deliever usဆိုတဲ့ ဘာသာေရး horror ဇာတ္ကားေလးနဲ႔မိတ္ဆက္ေပးခ်င္ပါတယ္။ ‌ေဝးလံတဲ့သီလရွင္ေက်ာင္းတစ္ခုက သီလရွင္တစ္ပါးကသူဟာအပ်ိဳစင္ျဖစ္ၿပီး သန႔္စင္တဲ့ကိုယ္ဝန္ကိုေဆာင္ထားရတယ္လို႔ ေျပာေနပါတယ္။ အဲ့ဒါေၾကာင့္အထက္သင္းအုပ္ဘုန္းေတာ္ႀကီးအဖြဲ႕က ျဖစ္စဥ္ကို ေသခ်ာသိရေအာင္ ဖာသာေဖာ့စ္နဲ႔ဗာတီကန္တစ္ေယာက္ကို ေစလႊတ္စုံစမ္းခိုင္းခဲ့ပါတယ္။ အဲ့ကိုယ္ဝန္က အႁမႊာေလးေတြျဖစ္ၿပီးတစ္ေယာက္က ေယရႈ တစ္ေယာက္က အႏၲိခရစ္အျဖစ္ ေမြးဖြားလာမယ္လို႔လြန္ခဲ့တဲ့ႏွစ္ေပါင္းတစ္ေထာင္က ေဟာကိန္းေတြလည္း ရွိခဲ့ပါတယ္။အဲ့လိုျဖစ္လာရင္ ကမာၻပ်က္မွာျဖစ္လို႔ဘုန္းေတာ္ႀကီးတစ္ခ်ိဳ႕က ကိုယ္ဝန္ကိုဖ်က္ခ်ဖို႔ လုပ္ခဲ့ပါတယ္။ အဲ့ဒါကို သိသြားတဲ့ဖာသာေဖာ့စ္ကအဲ့သီလရွင္ကိုကာကြယ္ကယ္တင္ဖို႔အတြက္ သူ႔ခ်စ္သူရွိရာ အက္စတိုနီးရားကိုေခၚသြားခဲ့ပါတယ္။ဆက္လက္ၿပီး ဘာေတြျဖစ္မလဲ ေဟာကိန္းမွန္မလားဆိုတာေတာ့ရင္ခုန္စြာၾကည့္ရႈရမွာပါ။ Review –  Thant Sin hnin File Size –  1.2GB,2.4GB Format…mp4 Quality : 1080p ...
7.9
IMDB: 7.9/10 52 votes
movie

Deliver Us (2023)

2023
Miss. Shetty Mr. Polishetty (2023) N/A
Miss. Shetty Mr. Polishetty (2023) #unicode Miss Shetty Mr Polishettyဇာတ်ကားမှာတော့ Anvithaဟာ UKက နာမည်ကြီးစားဖိုမှုးတစ်ယောက်ဖြစ်ပြီးတော့ အချစ်နဲ့ အိမ်ထောင်ရေးကို မယုံကြည်တဲ့သူဖြစ်ပြီး သူမဘဝကို တစ်ယောက်တည်းကုန်ဆုံးသွားဖို့ ဆန္ဒရှိနေသူဖြစ်တယ်။Anvithaမိခင်ဖြစ်သူရဲ့ နောက်ဆုံးဆန္ဒကြောင့် မိခင်ဖြစ်သူနဲ့အတူ အိန္ဒိယကိုပြန်လာခဲ့ရတယ်။ဒါပေမဲ့အိန္ဒိယရောက်ပြီး သိပ်မကြာခင်မှာဘဲ Anvithaရဲ့တစ်ဦးတည်းသောမိသားစုဝင်ဖြစ်တဲ့ သူမမိခင်ဟာ ဆုံးပါးသွားခဲ့တယ်။ မိခင်မရှိတော့တဲ့အချိန်မှာ အထီးကျန်မှုကို စတင်ခံစားလာရတဲ့Anvithaဟာ အိမ်ထောင်မပြုဘဲနဲ့ သူမဘာသာကလေးတစ်ယောက်မွေးဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့သူမကလေးကို ပြီးပြည့်စုံစေချင်တဲ့အတွက် သူမလိုချင်တဲ့အရည်အချင်းတွေရှိတဲ့ သုတ်ပိုးအလှူရှင်ကို ကိုယ်တိုင်လိုက်ရှာပါတော့တယ်။ အဲ့အချိန်မှာဘဲ Sidhuဆိုတဲ့ ဟာသလူရွှင်တော်ကောင်လေးနဲ့ Anvithaစတင်တွေ့ဆုံခဲ့ပါတယ်။ Sidhuဟာ Anvithaထက်ငယ်ပြီး ဘဝကို လွတ်လွတ်လပ်လပ်ဖြတ်သန်းနေသူဖြစ်တယ်။ဒါပေမဲ့Sidhuကတော့ သဘောကျတဲ့မိန်းကလေးရှိလာတာနဲ့ အိမ်ထောင်ပြုကာ မိသားစုဘဝလေးကို တည်ထောင်ချင်နေသူဖြစ်တယ်။Anvithaတစ်ယောက် သူမလိုချင်နေတဲ့ သုတ်ပိုးအလှူရှင်ရဲ့အရည်အချင်းတွေ Sidhuဆီမှာရှိနေပါ့မလားဆိုတာကို ကြည့်ရှူကြပါအုံး။ ##zawgyi Miss Shetty Mr Polishettyဇာတ္ကားမွာေတာ့ Anvithaဟာ UKက နာမည္ႀကီးစားဖိုမႈးတစ္ေယာက္ျဖစ္ၿပီးေတာ့ အခ်စ္နဲ႔ အိမ္ေထာင္ေရးကို မယုံၾကည္တဲ့သူျဖစ္ၿပီး သူမဘ၀ကို တစ္ေယာက္တည္းကုန္ဆုံးသြားဖို႔ ဆႏၵရွိေနသူျဖစ္တယ္။Anvithaမိခင္ျဖစ္သူရဲ႕ ေနာက္ဆုံးဆႏၵေၾကာင့္ မိခင္ျဖစ္သူနဲ႔အတူ အိႏၵိယကိုျပန္လာခဲ့ရတယ္။ဒါေပမဲ့အိႏၵိယေရာက္ၿပီး သိပ္မၾကာခင္မွာဘဲ Anvithaရဲ႕တစ္ဦးတည္းေသာမိသားစု၀င္ျဖစ္တဲ့ သူမမိခင္ဟာ ဆုံးပါးသြားခဲ့တယ္။ မိခင္မရွိေတာ့တဲ့အခ်ိန္မွာ အထီးက်န္မႈကို စတင္ခံစားလာရတဲ့Anvithaဟာ အိမ္ေထာင္မျပဳဘဲနဲ႔ သူမဘာသာကေလးတစ္ေယာက္ေမြးဖို႔ ...
N/A
IMDB: N/A/10 649 votes
movie

Miss. Shetty Mr. Polishetty (2023)

2023
Let’s Get Married (2023) 6.6
Let’s Get Married (2023) #unicode ဒီတစ်ခါမှာတော့ Let’s get marriedဆိုတဲ့ အိန္ဒိယဒရမ်မာလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ မီရာနဲ့ဂေါ်သမ်က နှစ်နှစ်ကြာတွဲကြည့်ပြီးတော့ လက်ထပ်ဖို့စီစဉ်နေတဲ့စုံတွဲတစ်တွဲပါ။မင်္ဂလာကိစ္စတိုင်ပင်ဖို့ မိဘချင်းတွေ့တဲ့နေ့ကျတော့ ဂေါ်သမ်ကလက်ထပ်ပြီးရင် သူ့အမေနဲ့ပဲအတူနေဖို့ ပြောခဲ့ပါတယ်။ဒါကိုမီရာက လက်မခံတော့ မင်္ဂလာပွဲပျက်သွားခဲ့ပါတယ်။အဲ့လိုနဲ့နောက်ကျတော့ မနေနိုင်တဲ့မီရာက ဂေါ်သမ့်အမေနဲ့ အရင်ရင်းနှီးအောင်လုပ်ပြီး အဆင်ပြေရင်လက်ထပ်မယ်လို့ပြောပြီး ခရီးအတူသွားဖို့တောင်းဆိုခဲ့ပါတယ်။ဒီဘက်ခေတ် ချွေးမနဲ့ ယောက္ခမကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စလေးတွေကို ရိုက်ကူးပြပေးတာဖြစ်ပါတယ်။ ဟာသအရောလေးပါထည့်ပြီးရိုက်ကူးထားတဲ့ ဒရမ်မာကောင်းတစ်ခုဖြစ်လို့ ပေါ့ပေါ့ပါးပါးကြည့်ချင်တဲ့လူတွေအတွက်သင့်တော်တဲ့ဇာတ်ကားလေးပါ။ ##zawgyi ဒီတစ္ခါမွာေတာ့ Let’s get marriedဆိုတဲ့ အိႏၵိယဒရမ္မာေလးနဲ႔မိတ္ဆက္ေပးခ်င္ပါတယ္။ မီရာနဲ႔ေဂၚသမ္က ႏွစ္ႏွစ္ၾကာတြဲၾကည့္ၿပီးေတာ့ လက္ထပ္ဖို႔စီစဥ္ေနတဲ့စုံတြဲတစ္တြဲပါ။မဂၤလာကိစၥတိုင္ပင္ဖို႔ မိဘခ်င္းေတြ႕တဲ့ေန႔က်ေတာ့ ေဂၚသမ္ကလက္ထပ္ၿပီးရင္ သူ႔အေမနဲ႔ပဲအတူေနဖို႔ ေျပာခဲ့ပါတယ္။ဒါကိုမီရာက လက္မခံေတာ့ မဂၤလာပြဲပ်က္သြားခဲ့ပါတယ္။အဲ့လိုနဲ႔ေနာက္က်ေတာ့ မေနႏိုင္တဲ့မီရာက ေဂၚသမ့္အေမနဲ႔ အရင္ရင္းႏွီးေအာင္လုပ္ၿပီး အဆင္ေျပရင္လက္ထပ္မယ္လို႔ေျပာၿပီး ခရီးအတူသြားဖို႔ေတာင္းဆိုခဲ့ပါတယ္။ဒီဘက္ေခတ္ ေခြၽးမနဲ႔ ေယာကၡမၾကားမွာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ကိစၥေလးေတြကို ႐ိုက္ကူးျပေပးတာျဖစ္ပါတယ္။ ဟာသအေရာေလးပါထည့္ၿပီး႐ိုက္ကူးထားတဲ့ ဒရမ္မာေကာင္းတစ္ခုျဖစ္လို႔ ေပါ့ေပါ့ပါးပါးၾကည့္ခ်င္တဲ့လူေတြအတြက္သင့္ေတာ္တဲ့ဇာတ္ကားေလးပါ။ Review –  Phyu Sin File Size –  1GB,2.4GB Format…mp4 Quality : 1080p WED-DL,720p WED-DL Subtitle : Myanmar Subtitle (Hard Sub) Translated by Phyu Sin Encoded by ...
6.6
IMDB: 6.6/10 310 votes
movie

Let’s Get Married (2023)

2023
Haunted Mansion (2023) 6.2
Haunted Mansion (2023) #unicode "Haunted Mansion" ဆိုတဲ့ကားလေးကတော့ သရဲကားဆိုပေမယ့် ဟာသလေးလည်းရောထားလို့ အရမ်းလည်းကြောက်ဖို့မကောင်းဘဲ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးဖြစ်မှာပါ ဇာတ်လမ်းအကျဉ်းကတော့ ဂတ်ဘီနဲ့ ထရာဗစ်ဆိုတဲ့သားအမိနှစ်ယောက်ဟာဆိုရင် မြို့အသစ်တစ်ခုမှာ ဘဝအသစ်တစ်ခုစတင်ဖို့အတွက် အိမ်ကြီးတစ်လုံးကိုဝယ်ယူပြီး ပြောင်းလာခဲ့ပါတယ် ဒါပေမယ့် အိမ်ထဲကိုရောက်တဲ့အချိန်မှာပဲ ဒီအိမ်ကြီးထဲမှာ တစ္ဆေသရဲတွေများစွာနေထိုင်နေတယ်ဆိုတာကို သိလိုက်ရပါတယ် ဒါကြောင့် အိမ်ကြီးမှာ အပနှင်ဖို့အတွက် ဘန်အပါအဝင် ဘုန်းတော်ကြီးတစ်ပါးရယ်၊ သဘာလွန်စွမ်းအားပညာရှင်တစ်ယောက်ရယ်နဲ့ သမိုင်းပညာရှင်တစ်ယောက် စုဝေးရောက်ရှိလာခဲ့ပါတယ် ဘန်ကတော့ ဇနီးဆုံးပြီးတော့ ဘဝကြီးကိုရှေ့ဆက်ဖို့ လက်မှိုင်ချထားတဲ့သူဖြစ်ပြီးတော့ သူ့ဆီမှာရှိတဲ့ သရဲတွေကိုရိုက်ကူးနိုင်တဲ့ မှန်ဘီလူးကင်မရာတစ်ခုကြောင့် ဒီအိမ်ကြီးကိုရောက်လာရတာပါ ဒီအိမ်ကြီးမှာ ဘာလို့ သရဲတစ္ဆေတွေ အပြည့်ဖြစ်နေရတာလဲ၊ သူတို့အားလုံးပေါင်းပြီး သရဲတွေကို ရှင်းလင်းနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးပါဦးနော် ##zawgyi "Haunted Mansion" ဆိုတဲ့ကားေလးကေတာ့ သရဲကားဆိုေပမယ့္ ဟာသေလးလည္းေရာထားလို႔ အရမ္းလည္းေၾကာက္ဖို႔မေကာင္းဘဲ စိတ္ဝင္စားဖြယ္ၾကည့္ရႈရမယ့္ဇာတ္ကားေကာင္းေလးျဖစ္မွာပါ ဇာတ္လမ္းအက်ဥ္းကေတာ့ ဂတ္ဘီနဲ႔ ထရာဗစ္ဆိုတဲ့သားအမိႏွစ္ေယာက္ဟာဆိုရင္ ၿမိဳ႕အသစ္တစ္ခုမွာ ဘဝအသစ္တစ္ခုစတင္ဖို႔အတြက္ အိမ္ႀကီးတစ္လုံးကိုဝယ္ယူၿပီး ေျပာင္းလာခဲ့ပါတယ္ ဒါေပမယ့္ အိမ္ထဲကိုေရာက္တဲ့အခ်ိန္မွာပဲ ဒီအိမ္ႀကီးထဲမွာ တေစၦသရဲေတြမ်ားစြာေနထိုင္ေနတယ္ဆိုတာကို သိလိုက္ရပါတယ္ ဒါေၾကာင့္ အိမ္ႀကီးမွာ အပႏွင္ဖို႔အတြက္ ဘန္အပါအဝင္ ဘုန္းေတာ္ႀကီးတစ္ပါးရယ္၊ သဘာလြန္စြမ္းအားပညာရွင္တစ္ေယာက္ရယ္နဲ႔ သမိုင္းပညာရွင္တစ္ေယာက္ စုေဝးေရာက္ရွိလာခဲ့ပါတယ္ ဘန္ကေတာ့ ဇနီးဆုံးၿပီးေတာ့ ဘဝႀကီးကိုေရွ႕ဆက္ဖို႔ ...
6.2
IMDB: 6.2/10 12,611 votes
movie

Haunted Mansion (2023)

2023
57 Seconds (2023) 5.3
57 Seconds (2023) #unicode ဒီကားကတော့ 2023 oct မှထွက်ရှိထားပြီး IMDb rating 5.3 အထိရရှိထားတဲ့ အချိန်ခရီးသွား သိပ္ပံဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာတော့ ‌‌blogger ဖရန်ကလင်းဟာ ဘာရယ်ရဲ့ ကျန်းမာရေးကိုထိန်းညှိပေးတဲ့ လက်ပတ်ပြပွဲမှာ ဘာရယ်နဲ့ အင်တာဗျူးလုပ်ချင်တဲ့အတွက် ပွဲလက်မှတ်စစ်ဝန်ထမ်း ဝင်လုပ်ပါတယ်။ အဲ့ပွဲမှာ ဘာရယ်ကို လုပ်ကြံဖို့လာတဲ့သူကို တွေ့ပြီး မတော်တဆ ဘာရယ်ကို ကယ်မိလိုက်ပါတယ်။ အပြန်လမ်းမှာ အလယ်က အနက်ရှိတဲ့ လက်စွပ်တစ်ခုကို ရှာတွေ့သွားပြီး အနက်ရောင်လေးကို ထိလိုက်ချိန်မှာတော့ သူဟာ ပြီးခဲ့တဲ့ အချိန် 57 စက္ကန့်စီကိုရောက်သွားပါတယ်။ လက်စွပ်က အနက်ရောင်လေးကလည်း အဖြူရောင်အဖြစ်ပြောင်းသွားပါတယ်။ အချိန်တစ်ခုကြာမှသာ အနက်ရောင်အဖြစ်ပြောင်းပြီး ပြန်အချိန်ဆုတ်လို့ရမှာပါ။ ကျွန်တော်တို့နဲ့အကြံတူတဲ့ ဖရန်ကလင်းကလည်း အရင်ဆုံး ကာစီနိုတွေစီသွားပြီး ငွေတွေသဲ့ယူပါတော့တယ်။ ဖရန်ကလင်းရဲ့ ညီမဖြစ်သူဟာ ရမ်ဆန်ဆေးကုမ္ပဏီက ထုတ်တဲ့ဆေးဝါးကြောင့် အသက်ဆုံးရှုံးခဲ့ရသူဖြစ်ပါတယ်။ သို့ပေမယ့် သက်သေမခိုင်လုံတာကြောင့် ရမ်ဆန်ကုမ္ပဏီကတော့ အမှုကလွတ်သွားခဲ့ပါတယ်။လက်စွပ်ရဲ့ အချိန်ပြန်ဆုတ်တဲ့အစွမ်းနဲ့ ဖရန်ကလင်းတစ်ယောက် ရမ်ဆန်ကုမ္ပဏီကို ဘယ်လိုတွေ လက်စားချေမလဲ‌ဆိုတာတွေ့ရမယ့် ဇာတ်ကားကောင်းဖြစ်ပါတယ် ##zawgyi ဒီကားကေတာ့ 2023 oct မွထြက္ရွိထားၿပီး ...
5.3
IMDB: 5.3/10 917 votes
movie

57 Seconds (2023)

2023
Concrete Utopia (2023) 7.4
Concrete Utopia (2023) #unicode ဒီတစ်ခါမှာတော့ အားလုံးမျှော်လင့်စောင့်စားနေတဲ့ Concrete.Utopia ဆိုတဲ့ ကိုရီးယားဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးမှာ ပတ်ဆိုးဂျွန်နဲ့ ပတ်ဘိုယောင်းတို့ကတွဲဖက်ညီညီပါဝင်သရုပ်ဆောင်ပေးထားတာပါ။ကိုရီးယားမှာ ပြင်းထန်တဲ့ငလျင်ဒဏ်ကြီးကျရောက်ခဲ့ပြီးတော့ တိုက်ခန်းကြီးတစ်ခုသာ ကျန်ခဲ့ပြီးအသက်ရှင်ကျန်ရစ်သူ အနည်းငယ်သာရှိခဲ့ပါတယ်။အဲ့ဒီကျန်ရှိနေတဲ့တိုက်ခန်းကို ပြင်ပကနေလာရောက်ခိုလှုံသူတွေရှိခဲ့ပေမဲ့ လူများလာရင် အဆင်မပြေတော့လို့ မိမိတို့ရှင်သန်ရေးအတွက်ယခင်နေထိုင်သူတွေက သူတို့ကိုမောင်းထုတ်ခဲ့ကြပါတယ်။အဲ့လို သဘာဝဘေးဒဏ်သင့်ကြတဲ့ လူတွေရဲ့မျှော်လင့်ချက်တွေ ရုန်းကန်ရပုံတွေ စိတ်သဘောထားကွဲပြားမှုတွေ တစ်ကိုယ်ကောင်းဆန်တတ်တဲ့လူသဘာဝတွေ ရိုက်ပြထားတာဖြစ်ပါတယ်။ အနိဌာရုံတွေကို မြင်တွေ့ရနိုင်ပေမယ့်လည်းလက်တွေ့ဆန်တဲ့ လူ့သဘောလူ့မနောကို ရိုက်ပြထားလို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်။ ##zawgyi ဒီတစ္ခါမွာေတာ့ အားလုံးေမွ်ာ္လင့္ေစာင့္စားေနတဲ့ Concrete.Utopia ဆိုတဲ့ ကိုရီးယားဇာတ္ကားေလးနဲ႔မိတ္ဆက္ေပးခ်င္ပါတယ္။ ဒီဇာတ္ကားေလးမွာ ပတ္ဆိုးဂြၽန္နဲ႔ ပတ္ဘိုေယာင္းတို႔ကတြဲဖက္ညီညီပါဝင္သ႐ုပ္ေဆာင္ေပးထားတာပါ။ကိုရီးယားမွာ ျပင္းထန္တဲ့ငလ်င္ဒဏ္ႀကီးက်ေရာက္ခဲ့ၿပီးေတာ့ တိုက္ခန္းႀကီးတစ္ခုသာ က်န္ခဲ့ၿပီးအသက္ရွင္က်န္ရစ္သူ အနည္းငယ္သာရွိခဲ့ပါတယ္။အဲ့ဒီက်န္ရွိေနတဲ့တိုက္ခန္းကို ျပင္ပကေနလာေရာက္ခိုလႈံသူေတြရွိခဲ့ေပမဲ့ လူမ်ားလာရင္ အဆင္မေျပေတာ့လို႔ မိမိတို႔ရွင္သန္ေရးအတြက္ယခင္ေနထိုင္သူေတြက သူတို႔ကိုေမာင္းထုတ္ခဲ့ၾကပါတယ္။အဲ့လို သဘာဝေဘးဒဏ္သင့္ၾကတဲ့ လူေတြရဲ႕ေမွ်ာ္လင့္ခ်က္ေတြ ႐ုန္းကန္ရပုံေတြ စိတ္သေဘာထားကြဲျပားမႈေတြ တစ္ကိုယ္ေကာင္းဆန္တတ္တဲ့လူသဘာဝေတြ ႐ိုက္ျပထားတာျဖစ္ပါတယ္။ အနိဌာ႐ုံေတြကို ျမင္ေတြ႕ရႏိုင္ေပမယ့္လည္းလက္ေတြ႕ဆန္တဲ့ လူ႔သေဘာလူ႔မေနာကို ႐ိုက္ျပထားလို႔ ၾကည့္ရႈသင့္တဲ့ဇာတ္ကားမ်ိဳးျဖစ္ပါတယ္။ Review –  Thant Sin hnin File Size –  1GB,2.4GB Format…mp4 Quality : 1080p WED-DL,720p WED-DL Subtitle : Myanmar Subtitle (Hard ...
7.4
IMDB: 7.4/10 501 votes
movie

Concrete Utopia (2023)

2023
Heist 88 (2023) N/A
Heist 88 (2023) #unicode ၁၉၈၈ ခုနှစ်လောက်က ချီကာဂိုဘဏ်မှာဖြစ်ပွားခဲ့တဲ့ဘဏ်ဓားပြတိုက်မှုဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတဲ့ "Heist.88"ဆိုတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် အဲဒီအချိန်လောက်တုန်းက ကော်ပိုရေးရှင်းတွေဟာ ငွေပမာဏအများကြီးကို ငွေလွှဲကုဒ်တွေသုံးပြီးတော့ ဘဏ်တွေကနေလွှဲပြောင်းကြပါတယ် အဲဒီမှာဂျယ်ရမီဟွန်းက ဘဏ်ငွေအလွဲသုံးစားမှုလုပ်ဖို့အတွက်အခွင့်အရေးကောင်းကို သွားတွေ့ပါတော့တယ် ဂျယ်ရမီဟာ သူ့တူရဲ့သူငယ်ချင်းတွေဖြစ်တဲ့ ချီကာဂိုအမျိုးသားဘဏ်မှာအလုပ်လုပ်နေကြတဲ့ ငွေရေးကြေးရေးလိုအပ်ချက်ရှိနေတဲ့ လူငယ်တစ်စုကိုငှားရမ်းပြီး ပူးပေါင်းကြံစည်ဖို့ စီစဉ်ခဲ့တာပါ အတွေ့အကြုံလည်းတစ်ခါမှမရှိတဲ့ လူငယ်တွေနဲ့ ဘဏ်ကငွေတွေကိုခိုးထုတ်ဖို့လုပ်တဲ့ ဂျယ်ရမီက အဆင်ပြေနိုင်ပါ့မလား၊ ဘဏ်ကနေ ငွေတွေထုတ်ယူနိုင်အောင် ဘယ်လိုတွေကြံစည်ခဲ့ကြလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်စောင့်ကြည့်ပေးပါဦးနော် ##zawgyi ၁၉၈၈ ခုနှစ်လောက်က ချီကာဂိုဘဏ်မှာဖြစ်ပွားခဲ့တဲ့ဘဏ်ဓားပြတိုက်မှုဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတဲ့ "Heist.88"ဆိုတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် အဲဒီအချိန်လောက်တုန်းက ကော်ပိုရေးရှင်းတွေဟာ ငွေပမာဏအများကြီးကို ငွေလွှဲကုဒ်တွေသုံးပြီးတော့ ဘဏ်တွေကနေလွှဲပြောင်းကြပါတယ် အဲဒီမှာဂျယ်ရမီဟွန်းက ဘဏ်ငွေအလွဲသုံးစားမှုလုပ်ဖို့အတွက်အခွင့်အရေးကောင်းကို သွားတွေ့ပါတော့တယ် ဂျယ်ရမီဟာ သူ့တူရဲ့သူငယ်ချင်းတွေဖြစ်တဲ့ ချီကာဂိုအမျိုးသားဘဏ်မှာအလုပ်လုပ်နေကြတဲ့ ငွေရေးကြေးရေးလိုအပ်ချက်ရှိနေတဲ့ လူငယ်တစ်စုကိုငှားရမ်းပြီး ပူးပေါင်းကြံစည်ဖို့ စီစဉ်ခဲ့တာပါ အတွေ့အကြုံလည်းတစ်ခါမှမရှိတဲ့ လူငယ်တွေနဲ့ ဘဏ်ကငွေတွေကိုခိုးထုတ်ဖို့လုပ်တဲ့ ဂျယ်ရမီက အဆင်ပြေနိုင်ပါ့မလား၊ ဘဏ်ကနေ ငွေတွေထုတ်ယူနိုင်အောင် ဘယ်လိုတွေကြံစည်ခဲ့ကြလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်စောင့်ကြည့်ပေးပါဦးနော် Review –  Phyu Sin File Size –  1.2GB,2.4GB Format…mp4 Quality : 1080p WED-DL,720p WED-DL Subtitle : ...
N/A
IMDB: N/A/10 N/A votes
movie

Heist 88 (2023)

2023
After Everything (2023) N/A
After Everything (2023) #unicode အသစ်ထွက်ရှိလာတဲ့ After ရဲ့နောက်ဆုံးငါးကားမြောက်ဖြစ်တဲ့ "After Everything" ကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားထဲမှာတော့ တက်ဆာနဲ့ ဟာဒင်တို့နှစ်ယောက်ဟာ အဆင်မပြေမှုတွေကြောင့် လမ်းခွဲလိုက်ရပြီး ဟာဒင်တစ်ယောက် သောက်စားရင်း အလဲလဲအပြိုပြိုဖြစ်နေတာပေါ့ သူရေးနေတဲ့စာအုပ်တိုက်ကလည်း ဒုတိယစာအုပ်ထွက်ဖို့အတွက် တစ်ဖက်မှာသူ့ကို ဖိအားတွေပေးနေပြန်တော့ ဟာဒင့်အတွက် အရမ်းကိုစိတ်ရှုပ်စရာအခြေအနေကြီးဖြစ်နေပါတယ် ဒါကြောင့် သူ့စာအုပ်အတွက်လည်း အကြံရအောင်၊ အရင်တုန်းက သူအမှားလုပ်မိခဲ့တဲ့ နာတာလီကိုလည်း ပြန်တောင်းပန်ရအောင် နာတာလီရှိတဲ့ ပေါ်တူဂီကိုရောက်လာခဲ့ပါတော့တယ် ဟာဒင်တစ်ယောက် သူ့ရဲ့အချစ်ရေးနဲ့ အလုပ်ပြဿနာတွေကို ဘယ်လိုဖြေရှင်းဖို့ကြိုးစားသွားမလဲ၊ သူအရမ်းချစ်ရတဲ့ တက်ဆာ့ကိုရော သူ့ဘဝထဲကိုပြန်ဆွဲခေါ်နိုင်မှာလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော် ##zawgyi အသစ္ထြက္ရွိလာတဲ့ After ရဲ႕ေနာက္ဆုံးငါးကားေျမာက္ျဖစ္တဲ့ "After Everything" ကိုတင္ဆက္ေပးလိုက္ပါတယ္ ဒီကားထဲမွာေတာ့ တက္ဆာနဲ႔ ဟာဒင္တို႔ႏွစ္ေယာက္ဟာ အဆင္မေျပမႈေတြေၾကာင့္ လမ္းခြဲလိုက္ရၿပီး ဟာဒင္တစ္ေယာက္ ေသာက္စားရင္း အလဲလဲအၿပိဳၿပိဳျဖစ္ေနတာေပါ့ သူေရးေနတဲ့စာအုပ္တိုက္ကလည္း ဒုတိယစာအုပ္ထြက္ဖို႔အတြက္ တစ္ဖက္မွာသူ႔ကို ဖိအားေတြေပးေနျပန္ေတာ့ ဟာဒင့္အတြက္ အရမ္းကိုစိတ္ရႈပ္စရာအေျခအေနႀကီးျဖစ္ေနပါတယ္ ဒါေၾကာင့္ သူ႔စာအုပ္အတြက္လည္း အႀကံရေအာင္၊ အရင္တုန္းက သူအမွားလုပ္မိခဲ့တဲ့ နာတာလီကိုလည္း ျပန္ေတာင္းပန္ရေအာင္ နာတာလီရွိတဲ့ ေပၚတူဂီကိုေရာက္လာခဲ့ပါေတာ့တယ္ ဟာဒင္တစ္ေယာက္ သူ႔ရဲ႕အခ်စ္ေရးနဲ႔ အလုပ္ျပႆနာေတြကို ဘယ္လိုေျဖရွင္းဖို႔ႀကိဳးစားသြားမလဲ၊ သူအရမ္းခ်စ္ရတဲ့ ...
N/A
IMDB: N/A/10 N/A votes
movie

After Everything (2023)

2023
Sound of Freedom (2023) 7.8
Sound of Freedom (2023) #unicode ဒီတစ်ခါမှာတော့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ Sound.of.Freedomဆိုတဲ့နိုင်ငံခြားဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကလေးငယ်လေးတွေကို ဖျော်ဖြေရေးလုပ်ငန်းမှာအောင်မြင်အောင်လုပ်ပေးမယ်ပြောပြီး ကလေးတွေကိုလိုက်ခေါ်နေတဲ့အဖွဲ့စည်းတစ်ခုက သက်ငယ်ကလေးတွေကို လိင်ကျွန်အဖြစ် ရောင်းစားနေကြတာပါ။အဲ့လိုကလေးကုန်ကူးမှုတွေကိုတင်မ်ဘဲလာ့ဒ်ဆိုတဲ့ အရာရှိက လိုက်လံရှာဖွေဖမ်းဆီးနေပါတယ်။ တစ်နေ့မှာ ရိုစီရိုနဲ့မီဂတ်ဆိုတဲ့မောင်နှမနှစ်ယောက် တစ်ကွဲတစ်ပြားစီ လိင်ကျွန်အဖြစ်ရောင်းစားခံရပြီး မီဂတ်ကလေးကကံကောင်းစွာနဲ့တင်မ့်ဆီရောက်သွားပါတယ်။ အဲ့အချိန်မှာ သူ့အမကိုပါကယ်ပေးဖို့တောင်းဆိုလာတဲ့အခါမှာ ဖခင်တစ်ယောက်ဖြစ်တဲ့တင်မ်ဟာ ကိုယ်ချင်းစာစိတ်နဲ့ရောင်းစားခံရတဲ့ကလေးတွေအားလုံးကို ကယ်တင်ဖို့ကြိုးစားခဲ့ပါတယ်။ဘယ်လိုတွေကြိုးစားဉာဏ်ထုတ်ပြီး ဘယ်လိုတွေကယ်တင်သွားမလဲဆိုတာကိုတော့ ကြည့်ရှုအားပေးကြပါလို့ တိုက်တွန်းပါတယ်။ ##zawgyi ဒီတစ္ခါမွာေတာ့ ျဖစ္ရပ္မွန္ဇာတ္ေၾကာင္းကို ႐ိုက္ကူးထားတဲ့ Sound.of.Freedomဆိုတဲ့ႏိုင္ငံျခားဇာတ္ကားေလးနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ ကေလးငယ္ေလးေတြကို ေဖ်ာ္ေျဖေရးလုပ္ငန္းမွာေအာင္ျမင္ေအာင္လုပ္ေပးမယ္ေျပာၿပီး ကေလးေတြကိုလိုက္ေခၚေနတဲ့အဖြဲ႕စည္းတစ္ခုက သက္ငယ္ကေလးေတြကို လိင္ကြၽန္အျဖစ္ ေရာင္းစားေနၾကတာပါ။အဲ့လိုကေလးကုန္ကူးမႈေတြကိုတင္မ္ဘဲလာ့ဒ္ဆိုတဲ့ အရာရွိက လိုက္လံရွာေဖြဖမ္းဆီးေနပါတယ္။ တစ္ေန႔မွာ ႐ိုစီ႐ိုနဲ႔မီဂတ္ဆိုတဲ့ေမာင္ႏွမႏွစ္ေယာက္ တစ္ကြဲတစ္ျပားစီ လိင္ကြၽန္အျဖစ္ေရာင္းစားခံရၿပီး မီဂတ္ကေလးကကံေကာင္းစြာနဲ႔တင္မ့္ဆီေရာက္သြားပါတယ္။ အဲ့အခ်ိန္မွာ သူ႔အမကိုပါကယ္ေပးဖို႔ေတာင္းဆိုလာတဲ့အခါမွာ ဖခင္တစ္ေယာက္ျဖစ္တဲ့တင္မ္ဟာ ကိုယ္ခ်င္းစာစိတ္နဲ႔ေရာင္းစားခံရတဲ့ကေလးေတြအားလုံးကို ကယ္တင္ဖို႔ႀကိဳးစားခဲ့ပါတယ္။ဘယ္လိုေတြႀကိဳးစားဉာဏ္ထုတ္ၿပီး ဘယ္လိုေတြကယ္တင္သြားမလဲဆိုတာကိုေတာ့ ၾကည့္ရႈအားေပးၾကပါလို႔ တိုက္တြန္းပါတယ္။ Review –  Thant Sin hnin File Size –  1.2GB,2.4GB Format…mp4 Quality : 1080p WED-DL,720p WED-DL Subtitle : Myanmar Subtitle (Hard Sub) Translated by Thant Sin hnin Encoded by ...
7.8
IMDB: 7.8/10 56,818 votes
movie

Sound of Freedom (2023)

2023
The Nun II (2023) 6.0
The Nun II (2023) #unicode Horror ကားကြိုက်တဲ့သူတွေအတွက် "The Nun 2" ကိုတင်ဆက်ပေးလိုက်ပါတယ် ပထမကားထဲမှာသရုပ်ဆောင်ခဲ့တဲ့ Taissa Fargima ကလည်း စစ္စတာအိုင်ရင်းအဖြစ်ပြန်လည်သရုပ်ဆောင်ထားပါတယ် ဒီကားထဲမှာတော့ စိန့်ကာတာဘုရားကျောင်းရဲ့ နတ်ဆိုးနှိမ်နင်းမှုအပြီး နှစ်အနည်းငယ်ကြာတဲ့နောက်မှာ အရင်ပုံစံနဲ့အလားတူတဲ့ ဘုန်းတော်ကြီးသေဆုံးမှုတွေ၊ သီလရှင်သေဆုံးမှုတွေ ပြန်ပြီးတော့ဖြစ်လာခဲ့ပါတယ် ဒါကြောင့်စိန့်ကာတာဘုရားကျောင်းက နတ်ဆိုးကိုအနိုင်ယူနိုင်ခဲ့တဲ့စစ္စတာအိုင်ရင်းကို အမှုစုံစမ်းဖို့တာဝန်ပေးလိုက်ပါတော့တယ် စစ္စတာအိုင်ရင်းနဲ့ အတူနှိမ်နင်းခဲ့တဲ့ ဘုန်းတော်ကြီးကဆုံးပါးသွားပြီဖြစ်တဲ့အတွက် ဒီတစ်ခေါက်မှာတော့ စစ္စတာအိုင်ရင်းတစ်ယောက်ပဲ နှိမ်နင်းဖို့ကြိုးစားရတော့မှာပါ နတ်ဆိုးရဲ့ရည်ရွယ်ချက်က ဘာများဖြစ်နိုင်မလဲ၊ စစ္စတာအိုင်ရင်းက တစ်ခါထပ်ပြီး နတ်ဆိုးကို အနိုင်ယူနှိမ်နင်းနိုင်မှာလားဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုကြရမှာဖြစ်ပါတယ် ##zawgyi Horror ကားႀကိဳက္တဲ့သူေတြအတြက္ "The Nun 2" ကိုတင္ဆက္ေပးလိုက္ပါတယ္ ပထမကားထဲမွာသ႐ုပ္ေဆာင္ခဲ့တဲ့ Taissa Fargima ကလည္း စစၥတာအိုင္ရင္းအျဖစ္ျပန္လည္သ႐ုပ္ေဆာင္ထားပါတယ္ ဒီကားထဲမွာေတာ့ စိန႔္ကာတာဘုရားေက်ာင္းရဲ႕ နတ္ဆိုးႏွိမ္နင္းမႈအၿပီး ႏွစ္အနည္းငယ္ၾကာတဲ့ေနာက္မွာ အရင္ပုံစံနဲ႔အလားတူတဲ့ ဘုန္းေတာ္ႀကီးေသဆုံးမႈေတြ၊ သီလရွင္ေသဆုံးမႈေတြ ျပန္ၿပီးေတာ့ျဖစ္လာခဲ့ပါတယ္ ဒါေၾကာင့္စိန႔္ကာတာဘုရားေက်ာင္းက နတ္ဆိုးကိုအႏိုင္ယူႏိုင္ခဲ့တဲ့စစၥတာအိုင္ရင္းကို အမႈစုံစမ္းဖို႔တာဝန္ေပးလိုက္ပါေတာ့တယ္ စစၥတာအိုင္ရင္းနဲ႔ အတူႏွိမ္နင္းခဲ့တဲ့ ဘုန္းေတာ္ႀကီးကဆုံးပါးသြားၿပီျဖစ္တဲ့အတြက္ ဒီတစ္ေခါက္မွာေတာ့ စစၥတာအိုင္ရင္းတစ္ေယာက္ပဲ ႏွိမ္နင္းဖို႔ႀကိဳးစားရေတာ့မွာပါ နတ္ဆိုးရဲ႕ရည္႐ြယ္ခ်က္က ဘာမ်ားျဖစ္ႏိုင္မလဲ၊ စစၥတာအိုင္ရင္းက တစ္ခါထပ္ၿပီး နတ္ဆိုးကို အႏိုင္ယူႏွိမ္နင္းႏိုင္မွာလားဆိုတာကို သည္းထိတ္ရင္ဖိုၾကည့္ရႈၾကရမွာျဖစ္ပါတယ္ Review –  Phyu Sin File ...
6.0
IMDB: 6.0/10 14,072 votes
movie

The Nun II (2023)

2023
4K HEVC
Harkara (2023) N/A
Harkara (2023) #unicode ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ "Harkara" ဆိုတဲ့အိန္ဒိယဇာတ်ကားကောင်းလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ကာလီဟာ စာပို့သမားတစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့တာဝန်အရ ဝေးလံခေါင်ဖျားပြီးဖုန်းလိုင်းတောင် သိပ်ကောင်းကောင်းမမိချင်တဲ့ဒေသလေးရဲ့ စာတိုက်ရုံးမှာ ရုံးထိုင်ရပါတယ် ဒေသခံတွေရဲ့ဒုက္ခပေးမှုနဲ့ အဆင်မပြေမှုကြောင့်ကာလီတစ်ယောက်စိတ်ညစ်ပြီး အထက်လူကြီးတွေကိုလည်း နေရာပြောင်းပေးဖို့ပဲ အမြဲနားပူနေတာပါ နောက်ဆုံး စာတိုက်ရုံးကိုပိတ်ပြီး စုပေါင်းဘဏ်ကိုပဲပြောင်းဖွင့်ပေးဖို့အတွက် ရိုးသားတဲ့ရွာသားတွေဆီက လက်ဗွေရာလိမ်လည်တောင်းယူပြီး အသနားခံစာတင်လိုက်ပါတယ် အဲဒီအချိန်မှာပဲ မာရီရာမယ်ဆိုတဲ့အဘွားကြီးရဲ့ စာရောက်လာတာကြောင့် အဲဒီအဘွားကြီးနေတဲ့ အာဒီမာလိုင်ဆိုတဲ့တောင်ပေါ်ကရွာလေးကို စာပို့ပေးဖို့ဖြစ်လာပါတယ် ကာလီတစ်ယောက်စာပို့ရင်းနဲ့ အဲဒီတောင်ကိုစောင့်ရှောက်တဲ့နတ်လို့ ယူဆကြတဲ့လွန်ခဲ့တဲ့ နှစ်ပေါင်း၁၅၀ လောက်က စာပို့သမားဟာကရာဆိုတဲ့သူအကြောင်းကိုလည်းသိခဲ့ရတာပေါ့ ဟာကာရာရဲ့နောက်ခံသမိုင်းကြောင်းက ဘာဖြစ်မလဲ၊ ဒီခရီးစဉ်က ကာလီ့ကို ဘယ်လိုပြောင်းလဲမှုတွေဖြစ်စေမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ စောင့်ကြည့်ပေးပါဦးနော် ##zawgyi ဒီတစ္ေခါက္တင္ဆက္ေပးမယ့္ကားေလးကေတာ့ "Harkara" ဆိုတဲ့အိႏၵိယဇာတ္ကားေကာင္းေလးျဖစ္ပါတယ္ ဇာတ္လမ္းအက်ဥ္းကေတာ့ ကာလီဟာ စာပို႔သမားတစ္ေယာက္ျဖစ္ၿပီးေတာ့ သူ႔ရဲ႕တာဝန္အရ ေဝးလံေခါင္ဖ်ားၿပီးဖုန္းလိုင္းေတာင္ သိပ္ေကာင္းေကာင္းမမိခ်င္တဲ့ေဒသေလးရဲ႕ စာတိုက္႐ုံးမွာ ႐ုံးထိုင္ရပါတယ္ ေဒသခံေတြရဲ႕ဒုကၡေပးမႈနဲ႔ အဆင္မေျပမႈေၾကာင့္ကာလီတစ္ေယာက္စိတ္ညစ္ၿပီး အထက္လူႀကီးေတြကိုလည္း ေနရာေျပာင္းေပးဖို႔ပဲ အၿမဲနားပူေနတာပါ ေနာက္ဆုံး စာတိုက္႐ုံးကိုပိတ္ၿပီး စုေပါင္းဘဏ္ကိုပဲေျပာင္းဖြင့္ေပးဖို႔အတြက္ ႐ိုးသားတဲ့႐ြာသားေတြဆီက လက္ေဗြရာလိမ္လည္ေတာင္းယူၿပီး အသနားခံစာတင္လိုက္ပါတယ္ အဲဒီအခ်ိန္မွာပဲ မာရီရာမယ္ဆိုတဲ့အဘြားႀကီးရဲ႕ စာေရာက္လာတာေၾကာင့္ အဲဒီအဘြားႀကီးေနတဲ့ အာဒီမာလိုင္ဆိုတဲ့ေတာင္ေပၚက႐ြာေလးကို စာပို႔ေပးဖို႔ျဖစ္လာပါတယ္ ကာလီတစ္ေယာက္စာပို႔ရင္းနဲ႔ အဲဒီေတာင္ကိုေစာင့္ေရွာက္တဲ့နတ္လို႔ ယူဆၾကတဲ့လြန္ခဲ့တဲ့ ႏွစ္ေပါင္း၁၅၀ ေလာက္က စာပို႔သမားဟာကရာဆိုတဲ့သူအေၾကာင္းကိုလည္းသိခဲ့ရတာေပါ့ ဟာကာရာရဲ႕ေနာက္ခံသမိုင္းေၾကာင္းက ...
N/A
IMDB: N/A/10 N/A votes
movie

Harkara (2023)

2023
4K HEVC

Release year

Genres

Release year