#unicode
Akshay Kumar ရဲ့အသစ်ထွက်ရှိလာတဲ့ “OMG 2″ကို တင်ဆက်ပေးလိုက်ပါတယ်
ပထမကားတုန်းကလည်း ပရိသတ်တွေသဘောကျခဲ့ပြီးတော့ ဒီဒုတိယကားလေးကလည်းလုံးဝကို အောင်မြင်ခဲ့ပါတယ်
ဇာတ်လမ်းလေးကတော့ ကန်တီဟာ ဘုရားတရားကိုင်းရှိုင်းပြီးတော့ ရိုးရိုးအေးအေးနေတတ်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ကလည်း
လေးစားတာခံရတဲ့သူဖြစ်ပါတယ် ဒါပေမယ့်တစ်နေ့မှာတော့သူ့ရဲ့သားဖြစ်သူဗီဗက်က လူပျိုဖော်ဝင်ခါစ ကလေးတွေရဲ့သဘောသဘာဝအရ
အာသာဖြေရင်းဆေးရုံကိုရောက်တဲ့အထိ ဖြစ်သွားခဲ့ပါတယ် ဒီကိစ္စကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ဖုံးထားဖို့ ကြိုးစားခဲ့ပေမယ့် ကျောင်းအိမ်သာထဲမှာအာသာဖြေနေတဲ့
ဗီဗက်ရဲ့ဗီဒီယိုက အနိုင်ကျင့်သူတွေလက်ချက်ကြောင့် အားလုံးဆီပြန့်သွားခဲ့ပါတယ် ကန်တီတို့မိသားစုဟာ အသိုင်းအဝိုင်းကြားထဲမှာ
အရှက်ရပြီးခေါင်းမဖော်နိုင်ဖြစ်တော့တာပေါ့ အဲဒီမှာကန်တီဟာ သူ့သားကိုလည်း လူ့အသိုင်းအဝိုင်းထဲမှာပြန်လည်ဝင်ဆံ့နိုင်ဖို့နဲ့
အနာဂတ်လည်းမပျက်စီးစေဖို့အတွက် ကျောင်းနဲ့ ဗီဗက်ကိစ္စမှာပါဝင်နေတဲ့သူတိုင်းကို တရားစွဲပါတော့တယ်
ဘာသာရေးကို အရမ်းကိုကိုးကွယ်သက်ဝင်တဲ့ ကန်တီကို အရှင်ရှီဗာက ဘယ်လိုလမ်းပြပေးသွားမလဲ၊ တရားရင်ဆိုင်တဲ့နေရာမှာရော ဘယ်လို
အချက်တွေကိုထောက်ပြပြီး အနိုင်ယူသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ ကလေးတွေကို sex education ပေးသင့်တယ်ဆိုတဲ့အချက်ကိုလည်း
ထဲထဲဝင်ဝင်ဆွေးနွေးပေးထားလို့ ဗဟုသုတလည်းရတဲ့ ဇာတ်ကားကောင်းလေးဖြစ်မှာပါ
##zawgyi
Akshay Kumar ရဲ႕အသစ္ထြက္ရွိလာတဲ့ “OMG 2″ကို တင္ဆက္ေပးလိုက္ပါတယ္
ပထမကားတုန္းကလည္း ပရိသတ္ေတြသေဘာက်ခဲ့ၿပီးေတာ့ ဒီဒုတိယကားေလးကလည္းလုံးဝကို ေအာင္ျမင္ခဲ့ပါတယ္
ဇာတ္လမ္းေလးကေတာ့ ကန္တီဟာ ဘုရားတရားကိုင္းရႈိင္းၿပီးေတာ့ ႐ိုး႐ိုးေအးေအးေနတတ္တဲ့သူတစ္ေယာက္ျဖစ္တဲ့အတြက္ ပတ္ဝန္းက်င္ကလည္း
ေလးစားတာခံရတဲ့သူျဖစ္ပါတယ္ ဒါေပမယ့္တစ္ေန႔မွာေတာ့သူ႔ရဲ႕သားျဖစ္သူဗီဗက္က လူပ်ိဳေဖာ္ဝင္ခါစ ကေလးေတြရဲ႕သေဘာသဘာဝအရ
အာသာေျဖရင္းေဆး႐ုံကိုေရာက္တဲ့အထိ ျဖစ္သြားခဲ့ပါတယ္ ဒီကိစၥကို ဘယ္လိုနည္းနဲ႔ျဖစ္ျဖစ္ဖုံးထားဖို႔ ႀကိဳးစားခဲ့ေပမယ့္ ေက်ာင္းအိမ္သာထဲမွာအာသာေျဖေနတဲ့
ဗီဗက္ရဲ႕ဗီဒီယိုက အႏိုင္က်င့္သူေတြလက္ခ်က္ေၾကာင့္ အားလုံးဆီျပန႔္သြားခဲ့ပါတယ္ ကန္တီတို႔မိသားစုဟာ အသိုင္းအဝိုင္းၾကားထဲမွာ
အရွက္ရၿပီးေခါင္းမေဖာ္ႏိုင္ျဖစ္ေတာ့တာေပါ့ အဲဒီမွာကန္တီဟာ သူ႔သားကိုလည္း လူ႔အသိုင္းအဝိုင္းထဲမွာျပန္လည္ဝင္ဆံ့ႏိုင္ဖို႔နဲ႔
အနာဂတ္လည္းမပ်က္စီးေစဖို႔အတြက္ ေက်ာင္းနဲ႔ ဗီဗက္ကိစၥမွာပါဝင္ေနတဲ့သူတိုင္းကို တရားစြဲပါေတာ့တယ္
ဘာသာေရးကို အရမ္းကိုကိုးကြယ္သက္ဝင္တဲ့ ကန္တီကို အရွင္ရွီဗာက ဘယ္လိုလမ္းျပေပးသြားမလဲ၊ တရားရင္ဆိုင္တဲ့ေနရာမွာေရာ ဘယ္လို
အခ်က္ေတြကိုေထာက္ျပၿပီး အႏိုင္ယူသြားမလဲဆိုတာကို စိတ္ဝင္စားဖြယ္ၾကည့္ရႈရမွာပါ ကေလးေတြကို sex education ေပးသင့္တယ္ဆိုတဲ့အခ်က္ကိုလည္း
ထဲထဲဝင္ဝင္ေဆြးေႏြးေပးထားလို႔ ဗဟုသုတလည္းရတဲ့ ဇာတ္ကားေကာင္းေလးျဖစ္မွာပါ
Review – Phyu Sin
File Size – 1.4GB,3.5GB
Format…mp4
Quality : 1080p WED-DL,720p WED-DL,
Subtitle : Myanmar Subtitle (Hard Sub)
Translated by Phyu Sin
Encoded by Arrow
=================================================================================
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။
GDtot လင့္ေဒါင္းနည္း (အစိမ္းျပထားတာကိုကလစ္ပါ)
GDtotဒေါင်းနည်း 2 (Chrome browser သံုးပါ)
(uc browser ကိုသုံးရင်ပိုကောင်းပါတယ်)
Upload on Youtube
Leave a Reply