(App member only)
##umicode
တော်ဝင်မိသားစုတွေကြားကသွေးကြွေးတွေ၊ အာဏာပြိုင်လုမှုတွေနဲ့အတူ Gangster အပိုင်းနှစ် တဖန်ပြန်ရောက်လာခဲ့ပါပြီ။
ဒီအပိုင်းမှာတော့ မင်းမျိုးမင်းနွယ်က ဆင်းသက်လာသူဖြစ်တဲ့ အာဒစ်ရာပရာတပ်ဆင်းဟာ သေနတ်ဒဏ်ရာကြောင့်
အောက်ပိုင်းသေသွားပြီး ဇနီးဖြစ်သူ မတ်ဟီဒေဝီရဲ့ လူမှုရေးပေါက်ပြန်မှုများကို ခံစားနေရပါတယ်။
သူတို့နှစ်ဦးကြားက ဆက်ဆံရေးဟာ ပြန်ဆက်လို့မရအောင် ပျက်စီးနေခဲ့ပြီး ဝန်ကြီးတစ်ယောက်ဖြစ်လာတဲ့ မတ်ဟီဒေဝီဟာ
ပိုက်ဆံပိုက်ဆံလို့မြည်နေအောင်ကို ငွေမက်တဲ့အကျင့်ပျက်ခြစားသူ ဝန်ကြီးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။
အာဒစ်ရာပရာတပ်ဆင်းလိုဘဲ မင်းမျိုးမင်းနွယ်က ဆင်းသက်လာတဲ့ အင်ဒါဂျက်ဆင်းဟာ
ဝန်ကြီးတစ်ဦးဖြစ်လာရမယ်လို့ရည်ရွယ်ချက်ရှိသူတစ်ယောက်ပါ။ ဒါကြောင့် သူ့ရည်မှန်းချက်တွေပြည့်လာမှ သူချစ်ရတဲ့
ချစ်သူလေး ရန်ဂျနာနဲ့ ပျော်ရွှင်တဲ့မိသားစုဘဝလေး တည်ဆောက်မယ်လို့ စိတ်ကူးထားခဲ့ပါတယ်။ ဒါပေမယ့် မမျှော်လင့်ထားတဲ့
ကံကြမ္မာမုန်တိုင်းဆိုတာ ဝင်လာတတ်စမြဲမို့ လက်ရှိမိန်းမကို စိတ်ကုန်နေတဲ့ အာဒစ်ရာပရာတပ်ဆင်းဟာ ယုတ်မာတဲ့နည်းလမ်းတွေနဲ့
ရန်ဂျနာကိုသိမ်းပိုက်ပြီး ဒုတိယမိန်းမထပ်ယူလိုက်ပါတော့တယ်။
ဘိုးဘေဘီဘင်တွေလက်ထပ်ကတည်းက အာဒစ်ရာပရာတပ်ဆင်းတို့မျိုးရိုးနဲ့ ရန်ငြိုးရန်စတွေရှိခဲ့တဲ့ အင်ဒါဂျက်ဆင်းဟာ
သူချစ်ရတဲ့ ချစ်သူရန်ဂျနာကိုပါ ထပ်ပြီးဆုံးရှုံးလိုက်ရတော့ ဘယ်လိုအငြိုးတွေနဲ့ တုန့်ပြန်မလဲဆိုတာကို ဇာတ်လမ်းထဲမှာ
စိတ်ဝင်စားစရာဇာတ်ကွက်တွေနဲ့ ဆက်ပြီးရှုစားပေးပါ။ အညွှန်းနဲ့ ဘာသာပြန်သူ Chris ဖြစ်ပါတယ်။
##zawgyi
Review – Chris
File Size – 2.4GB
Format…mp4
Quality :1080p WED-DL
Genre : Action,Crime,Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by Chris
Encoded by Arrow
=========================================================
=========================================================
App ဒေါင်းရန္
မန်ဘာဝင်လိုသူများ
viber – 09691177142
Upload on Youtube
Leave a Reply