Alpha Premium

Maganti Srinath

HIT: The 2nd Case (2022) 7.9
HIT: The 2nd Case (2022) ##unicode မှုခင်းကားတွေ၊ ထိတ်လန့်သည်းဖိုကားတွေကြိုက်တဲ့သူတွေအတွက်တော့ ကွက်တိဖြစ်စေမယ့် HIT: The Second Case ဆိုတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် HIT 1 မှာကတည်းကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းခဲ့ပြီးတော့ ဒီဒုတိယကားမှာလည်းနည်းနည်းမှမလျော့ပါဘူး သွေးထွက်သံယိုအခန်းတွေလည်းပါဝင်တာမလို့ thriller ကားရဲ့အရသာအပြည့်ခံစားရမှာပါ ဇာတ်လမ်းအကြောင်းအရာလေးနည်းနည်းမိတ်ဆက်ပေးပါမယ် ကေဒီဟာအမှုဖြေရှင်းတဲ့နေရာမှာ အရမ်းကိုတော်တဲ့ရဲအရာရှိတစ်ယောက်ဖြစ်ပါတယ် အမှုတွေကိုလျင်မြန်သွက်လက်ပြီး ဉာဏ်ကောင်းကောင်းနဲ့ဖြေရှင်းနိုင်တာမလို့ သတင်းထောက်တွေကြားမှာရော၊ သူတို့ဌာနကလူတွေကြားထဲမှာရော နာမည်ကြီးတဲ့သူတစ်ယောက်ဖြစ်ပါတယ် ရာဇဝတ်သားတွေဟာဦးနှောက်မရှိတဲ့သူတွေ သူတို့အမှုကိုလိုက်ဖို့ အချိန် ၅ မိနစ်လောက်ပဲလိုတယ် လို့ကြွေးကြော်ထားသူပေါ့ ဒီလိုနဲ့တစ်ရက်မှာတော့ကေဒီ့ဆီကိုထူးဆန်းတဲ့အမှုကြီးရောက်လာပါတယ် ခေါင်း၊ လက်၊ ခန္တာကိုယ်အစရှိတဲ့အစိတ်အပိုင်းတွေကို သီးခြားစီခုတ်ဖြတ်ထားတဲ့အမှုဖြစ်ပါတယ် ဒီမှာထူးခြားတာတစ်ခုက အဲဒီခန္တာကိုယ်အစိတ်အပိုင်းတွေဟာ လူတစ်ယောက်ထဲဆီကမဟုတ်ပါဘူး ပြောရရင်နောက်ထပ်အသတ်ခံရတဲ့အလောင်းတွေရှိသေးတာပေါ့ ကေဒီတစ်ယောက် ဒီလိုထူးဆန်းတဲ့အမှုကြီးကို အရင်လိုပဲ ပေါ့ပေါ့ပါးပါးလေး ဖြေရှင်းနိုင်ဦးမလား နောက်ကွယ်ကတရားခံကရောဘယ်သူဖြစ်မလဲ ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော် ##zawgyi မှုခင်းကားတွေ၊ ထိတ်လန့်သည်းဖိုကားတွေကြိုက်တဲ့သူတွေအတွက်တော့ ကွက်တိဖြစ်စေမယ့် HIT: The Second Case ဆိုတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် HIT 1 မှာကတည်းကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းခဲ့ပြီးတော့ ဒီဒုတိယကားမှာလည်းနည်းနည်းမှမလျော့ပါဘူး သွေးထွက်သံယိုအခန်းတွေလည်းပါဝင်တာမလို့ thriller ကားရဲ့အရသာအပြည့်ခံစားရမှာပါ ဇာတ်လမ်းအကြောင်းအရာလေးနည်းနည်းမိတ်ဆက်ပေးပါမယ် ကေဒီဟာအမှုဖြေရှင်းတဲ့နေရာမှာ အရမ်းကိုတော်တဲ့ရဲအရာရှိတစ်ယောက်ဖြစ်ပါတယ် အမှုတွေကိုလျင်မြန်သွက်လက်ပြီး ဉာဏ်ကောင်းကောင်းနဲ့ဖြေရှင်းနိုင်တာမလို့ သတင်းထောက်တွေကြားမှာရော၊ သူတို့ဌာနကလူတွေကြားထဲမှာရော နာမည်ကြီးတဲ့သူတစ်ယောက်ဖြစ်ပါတယ် ရာဇဝတ်သားတွေဟာဦးနှောက်မရှိတဲ့သူတွေ သူတို့အမှုကိုလိုက်ဖို့ အချိန် ၅ မိနစ်လောက်ပဲလိုတယ် လို့ကြွေးကြော်ထားသူပေါ့ ...
7.9
IMDB: 7.9/10 862 votes
movie

HIT: The 2nd Case (2022)

2022

Release year

Genres

Release year