Alpha Premium

Prashant Narayanan

Dishkiyaoon (2014) 5.2
Dishkiyaoon (2014) (App member only) ##unicode ဒီဇာတ်ကားကတော့ ဘောလိဝုဒ်အက်ရှင်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပြီး နာမည်ကျော်မင်းသားကြီး Sunny Deolနဲ့ Harman Bawejaတို့ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားကောင်းပါ မွန်ဘိုင်းဒုစရိုက်ဂိုဏ်းလောကရဲ့ရူပ်ထွေးပုံတွေ၊ အာဏာလုကြတဲ့ဇာတ်လမ်းဇာတ်ကွက်တွေအပြင် ဂန်းစတားတစ်ယောက်မှာလည်း အသည်းနှလုံးရှိပြီးချစ်တတ်တဲ့အချစ်ဇာတ်လမ်းအဆွေးလေးကိုပါမြင်တွေ့ရမှာပါ ငယ်ငယ်လေးကတည်းက အိပ်မက်က ဂန်းစတားတစ်ယောက်ဖြစ်ချင်ခဲ့တဲ့ ဗစ်ကီဆိုတဲ့ကောင်လေးဟာ ကြီးလာတော့လည်း လူမိုက်ဘိုးတော် တိုနီနဲ့ အမြဲအချိန်ကုန်ခဲ့ပါတယ် သူ့သားကိုအလုပ်ကောင်းကောင်းလုပ်စေချင်တဲ့ သူ့အဖေက သူ့ကိုအိမ်ကနှင်ချလိုက်တော့ ဗစ်ကီက တိုနီ့အိမ်မှာပဲနေတော့ပြီး တိုနီကို အဖေလို့သတ်မှတ်ထားခဲ့ပါတယ် ဒီလိုနဲ့ မွန်ဘိုင်းလူမိုက်ဂိုဏ်းလောကကိုဝင်ရောက်လာတဲ့ ဗစ်ကီ့ကိုလည်း တိုနီက တစ်နေ့မှာ အာဏာအရှိဆုံးလူဖြစ်စေချင်ခဲ့ပါတယ် သူတို့ရဲ့ဒုစရိုက်ဂိုဏ်းလောကရဲ့အာဏာလုမှု၊ပြိုင်ဆိုင်မှုတွေကြောင့် သူ့ရဲ့မွေးစားအဖေလိုဖြစ်နေတဲ့တိုနီအသတ်ခံလိုက်ရတဲ့အခါမှာတော့ ဗစ်ကီ ဘဝအပြောင်းအလဲကြီးပြောင်းလဲသွားခဲ့ပါတယ် ဘယ်လိုစိတ်လှုပ်ရှားစရာဇာတ်ဝင်ခန်းတွေနဲ့ ဗစ်ကီရဲ့ဂန်းစတားဘဝကိုမြင်တွေ့ရမလဲဆိုတာတော့ ဒီဇာတ်ကားမှာစောင့်ကြည့်ပေးပါဦး ဒါ့အပြင် ဗစ်ကီရဲ့အလုပ်အကိုင်ကြောင့် သူ့ရဲ့အချစ်ရေးမှာဘယ်လိုအနှောင့်အယှက်တွေ သနားစရာတွေဖြစ်လာမလဲမြင်တွေ့ရမှာပဲဖြစ်လို့ကြည့်ရူအားပေးကြပါဦးနော် ##zawgyi ဒီဇာတ္ကားကေတာ့ ေဘာလိဝုဒ္အက္ရွင္ဇာတ္ကားေကာင္းတစ္ကားပဲျဖစ္ၿပီး နာမည္ေက်ာ္မင္းသားႀကီး Sunny Deolနဲ႔ Harman Bawejaတို႔ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ဇာတ္ကားေကာင္းပါ မြန္ဘိုင္းဒုစ႐ိုက္ဂိုဏ္းေလာကရဲ႕႐ူပ္ေထြးပုံေတြ၊ အာဏာလုၾကတဲ့ဇာတ္လမ္းဇာတ္ကြက္ေတြအျပင္ ဂန္းစတားတစ္ေယာက္မွာလည္း အသည္းႏွလုံးရွိၿပီးခ်စ္တတ္တဲ့အခ်စ္ဇာတ္လမ္းအေဆြးေလးကိုပါျမင္ေတြ႕ရမွာပါ ငယ္ငယ္ေလးကတည္းက အိပ္မက္က ဂန္းစတားတစ္ေယာက္ျဖစ္ခ်င္ခဲ့တဲ့ ဗစ္ကီဆိုတဲ့ေကာင္ေလးဟာ ႀကီးလာေတာ့လည္း လူမိုက္ဘိုးေတာ္ တိုနီနဲ႔ အၿမဲအခ်ိန္ကုန္ခဲ့ပါတယ္ သူ႔သားကိုအလုပ္ေကာင္းေကာင္းလုပ္ေစခ်င္တဲ့ သူ႔အေဖက သူ႔ကိုအိမ္ကႏွင္ခ်လိုက္ေတာ့ ဗစ္ကီက တိုနီ႔အိမ္မွာပဲေနေတာ့ၿပီး တိုနီကို အေဖလို႔သတ္မွတ္ထားခဲ့ပါတယ္ ဒီလိုနဲ႔ မြန္ဘိုင္းလူမိုက္ဂိုဏ္းေလာကကိုဝင္ေရာက္လာတဲ့ ဗစ္ကီ့ကိုလည္း တိုနီက တစ္ေန႔မွာ အာဏာအရွိဆုံးလူျဖစ္ေစခ်င္ခဲ့ပါတယ္ သူတို႔ရဲ႕ဒုစ႐ိုက္ဂိုဏ္းေလာကရဲ႕အာဏာလုမႈ၊ၿပိဳင္ဆိုင္မႈေတြေၾကာင့္ သူ႔ရဲ႕ေမြးစားအေဖလိုျဖစ္ေနတဲ့တိုနီအသတ္ခံလိုက္ရတဲ့အခါမွာေတာ့ ဗစ္ကီ ...
5.2
IMDB: 5.2/10 1,022 votes
movie

Dishkiyaoon (2014)

2014

Release year

Genres

Release year