Alpha Premium

Rishi Kapoor

Sharmaji Namkeen (2022) N/A
Sharmaji Namkeen (2022) ##unicode ဒီဇာတ်ကားလေးကတော့ Amazon Primeက နောက်ဆုံးထွက်ရှိလာတဲ့ ပေါ့ပေါ့ပါးပါးလေးနဲ့ကြည့်လို့ကောင်းမယ့် ဒရာမာဇာတ်ကားကောင်းလေးပါ နာမည်ကျော်မင်းသားကြီး Rishi Kapoorရဲ့နောက်ဆုံးရိုက်ကူးခဲ့တဲ့ဇာတ်ကားလည်းဖြစ်ပါတယ် ဇာတ်ကားရိုက်ကူးရင်းဆုံးပါးသွားခဲ့တဲ့ မင်းသားကြီး Rishi Kapoorနေရာမှာ Paresh Rawalက ပါဝင်အားဖြည့်ပေးထားလို့ ဇာတ်ကောင်တစ်ခုတည်းကို သရုပ်ဆောင်နှစ်ယောက် သရုပ်ဆောင်တဲ့ထူးခြားတဲ့ဇာတ်ကားတစ်ကားလည်းဖြစ်လာမှာပါ ဇာတ်လမ်းကတော့ ပင်စင်ယူထားတဲ့လူတစ်ယောက်ကိုအခြေခံထားတာပဲဖြစ်ပြီးမင်းသားကြီးနှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေက အသက်ဝင်ပြီးချစ်စရာတောင်ကောင်းနေပါသေးတယ် ပင်စင်စားတွေရဲ့သဘာဝအတိုင်း ပင်စင်ယူပြီးသွားတော့ အလုပ်မရှိ၊ စိတ်တွေလေနေ၊ အိမ်မှာပဲ ဟင်းတွေချက်၊ အလုပ်မလုပ်ရရင်မနေတတ်တော့ အလုပ်ပေါင်းစုံလုပ်ခဲ့တဲ့ ပင်စင်စား ရှာမားဂျီဟာ ဘယ်အလုပ်နဲ့မှအဆင်မပြေခဲ့ပါဘူး အိမ်ကသားနှစ်ယောက်ကလည်း သူတို့အဖေကို နားနားနေနေနေစေချင်ပေမယ့်အလုပ်သိပ်လုပ်ချင်တဲ့ရှာမားဂျီဟာ တစ်နေ့မှာတော့ အိမ်တစ်အိမ်မှာ ဟင်းချက်စားဖိုမှူးအလုပ်ရလို့သွားလုပ်ခဲ့ပါတယ် သူသွားတဲ့အိမ်က ပွဲက သူထင်သလိုမဟုတ်ဘဲ မိန်းမတွေစုပြီးပျော်ကြတဲ့ ကစ်တီပါတီပွဲဖြစ်နေတဲ့အခါမှာ သူ့သိက္ခာနဲ့ကတော့လုံးဝကိုဆန့်ကျင်နေတာပေါ့ ဒါပေမယ့်လည်း သူ့လက်ရာကိုတမ်းတမ်းစွဲဖြစ်ကြတဲ့ ပါတီကြိုက်ခင်အန်တီကြီးတွေကသူ့ကိုပဲဟင်းချက်ကျွေးပါလို့ ကစ်တီပါတီရှိတိုင်းခေါ်ကြပါတော့တယ် တစ်နေ့ ဒီအကြောင်းတွေကို သူ့သားနှစ်ယောက်သိသွားတဲ့အခါမှာတော့ ဘယ်လိုပြဿနာတွေကြုံတွေ့ရမလဲ အမျိုးသမီးတွေပျော်ပါးတဲ့ပွဲမှာရောက်သွားမိတဲ့ ရှာမားဂျီလည်း ဘယ်လိုဝေဖန်မှုတွေခံရမလဲဆိုတာ ဒီဇာတ်ကားမှာခံစားကြည့်ရူအားပေးကြပါဦးနော် ##zawgyi ဒီဇာတ်ကားလေးကတော့ Amazon Primeက နောက်ဆုံးထွက်ရှိလာတဲ့ ပေါ့ပေါ့ပါးပါးလေးနဲ့ကြည့်လို့ကောင်းမယ့် ဒရာမာဇာတ်ကားကောင်းလေးပါ နာမည်ကျော်မင်းသားကြီး Rishi Kapoorရဲ့နောက်ဆုံးရိုက်ကူးခဲ့တဲ့ဇာတ်ကားလည်းဖြစ်ပါတယ် ဇာတ်ကားရိုက်ကူးရင်းဆုံးပါးသွားခဲ့တဲ့ မင်းသားကြီး Rishi Kapoorနေရာမှာ Paresh Rawalက ပါဝင်အားဖြည့်ပေးထားလို့ ဇာတ်ကောင်တစ်ခုတည်းကို သရုပ်ဆောင်နှစ်ယောက် သရုပ်ဆောင်တဲ့ထူးခြားတဲ့ဇာတ်ကားတစ်ကားလည်းဖြစ်လာမှာပါ ဇာတ်လမ်းကတော့ ပင်စင်ယူထားတဲ့လူတစ်ယောက်ကိုအခြေခံထားတာပဲဖြစ်ပြီးမင်းသားကြီးနှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေက အသက်ဝင်ပြီးချစ်စရာတောင်ကောင်းနေပါသေးတယ် ပင်စင်စားတွေရဲ့သဘာဝအတိုင်း ပင်စင်ယူပြီးသွားတော့ အလုပ်မရှိ၊ စိတ်တွေလေနေ၊ အိမ်မှာပဲ ...
N/A
IMDB: N/A/10 8 votes
movie

Sharmaji Namkeen (2022)

2022
Damini 7.8
Damini
7.8
IMDB: 7.8/10 2,713 votes
movie

Damini

1993
Premium
Deewana 7.0
Deewana
7.0
IMDB: 7.0/10 5,567 votes
movie

Deewana

1992
Premium
D-Day 7.2
D-Day
7.2
IMDB: 7.2/10 8,557 votes
movie

D-Day

2013
Premium

Release year

Genres

Release year