##unicode
ဒီတစ်ခါ နာမည်ကျော်မင်းသား Jason Momoaရဲ့ နောက်ဆုံးအသစ်ထွက်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်
ဒီဇာတ်ကားမှာတော့ နိုင်ငံရေးလောကရဲ့အကျင့်ပျက်ခြစားမှုတွေ စီးပွားရေးလောကရဲ့လောဘတွေကြောင့်
မြေစာပင်ဖြစ်ခဲ့ရတဲ့ သနားစရာမိသားစုအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်
ရေချယ်ရဲ့အမေဟာ ကင်ဆာသည်တစ်ယောက်ဖြစ်ပြီး FDAခွင့်ပြုချက်ရဖို့စောင့်နေတဲ့ ကင်ဆာဆေးကို
အသက်ရှင်နိုင်ဖို့မျှော်လင့်နေရတာပါ ဒါပေမယ့် BioPrimeဆိုတဲ့ဆေးကုမ္ပဏီဟာ အဲဒီဆေးပေါ်လာရင်
သူတို့ဆေးရောင်းအားကျမှာဖြစ်လို့ အဲဒီကင်ဆာဆေးကို ဈေးကွက်ကနေပျောက်သွားအောင်လာဘ်ထိုးခဲ့ပါတယ်
ဒါကြောင့် ရေချယ်ရဲ့အမေဖြစ်သူ သေဆုံးခဲ့ရပြီး ရေချယ့်အဖေ ရေးကတော့ အဲဒီကုမ္ပဏီရဲ့စီအီးအိုကို
လက်စားချေဖို့သွားရာက သတ်မိခဲ့ပါတယ်
ဒါကြောင့် ရေချယ်နဲ့ရေး သားအဖနှစ်ယောက်ဟာ ရဲလက်ကထွက်ပြေးခဲ့ရပြီး တစ်ဖက်မှာလည်း သူတို့နောက်ကို
လိုက်သတ်နေခဲ့တဲ့လူတွေရှိခဲ့ပါတယ် သူတို့နှစ်ယောက်ဇာတ်လမ်းဘယ်လိုဆက်ဖြစ်မလဲ
ဒီလိုစီးပွားရေးအမြတ်ထုတ်မှုနောက်ကွယ်က ကြိုးကိုင်သူက ဘယ်သူလဲဆိုတာကို လှည့်ကွက်တွေနဲ့ဖော်ထုတ်သွားမဲ့
စိတ်လှုပ်ရှားစရာ thrillerကားကောင်းကောင်းဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်
##zawgyi
Review – Hmue
File Size – 1GB,1.8GB
Format…mp4
Quality : 1080p WED-DL,720p WED-DL
Genre : Action,Drama,Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by Hmue
Encoded by Arrow
Upload on Youtube
Leave a Reply