The Lake House(2006)
(ကြည်နူးရိပ်ရဲ့ကားမို့ 1080P5.1CH ပါပြုလုပ်ပေးထားပါတယ်…)
စာလေးတစ်စောင်ကြောင့် အချစ်တစ်ခုစတင်ခဲ့ဖို့ ဘယ်သူကမျှော်လင့်ခဲ့မှာလဲ?စတင်ခဲ့တဲ့အချစ်တစ်ခုက
အချိန်ကာလကွာခြားနေပေမယ့် နောက်ဆုတ်လိုက်ဖို့က ခဲယဥ်းလွန်းလှပါတယ်။
ကိတ်ဆိုတဲ့ဆရာ၀န်မလေးက ရေကန်ဘေးကအိမ်မှာနေခဲ့တဲ့အိမ်ပိုင်ရှင်ဟောင်းပါ။
သူ့နောက်မှာပြောင်းလာမယ့် အိမ်ပိုင်ရှင်အသစ်ဆီကိုစာရေးရင်း သူ့စာက လွန်ခဲ့တဲ့နှစ်နှစ်က
ရေကန်ဘေးကအိမ်မှာနေခဲ့တဲ့ အတိတ်ကအဲလက်စ်ဆီကိုရောက်သွားပါတော့တယ်။
စာတွေအပြန်အလှန်ဆက်သွယ်ရင်းတစ်ယောက်နဲ့တစ်ယောက်ချစ်မိသွားပေမယ့်ဆက်သွယ်စရာဆိုလို့
စာတိုက်ပုံးလေးပဲရှိတဲ့သူတို့နှစ်ယောက်ရဲ့ကြားမှာ အချစ်ဆိုတာအိပ်မက်တစ်ခုလိုပါပဲ။
အတိတ်က အဲလက်စ်နဲ့ အနာဂတ်က ကိတ်…ဘယ်လိုပေါင်းစည်းဖို့ကြိုးစားမလဲဆိုတာ
စိတ်၀င်တစားနဲ့ကြည့်ရှုရမှာပါ CMပရိသတ်ကြီးအတွက် ယခုတင်ဆက်ပေးလိုက်တာကတော့
အားလုံးရဲ့အချစ်တော် ကီနူးရိဒ်နဲ့ ဆန်ဒရာဘူးလော့တို့ရဲ့ စိတ်ကူးယဥ်အချစ်ဇာတ်လမ်းလေးပါ။
ချစ်ခြင်းမေတ္တာကို သီချင်းချိုချိုလေးတွေနဲ့ ကြည်ကြည်နူးနူးခံစားချင်တဲ့ ပရိသတ်ကြီးတွေအဖို့တော့….
Leave a Reply