Alpha Premium

Riisa Naka

Alice in Borderland Season 1 8.6
Alice in Borderland Season 1 The Queen’s Gambit နောက်ပိုင်းထွက်သမျှ Netflix original show တွေထဲမှာ Alice in Borderland ကအားရစရာအကောင်းဆုံးပဲ။ Spoiler free review မို့စိတ်ချလက်ချဖတ်နိုင်ပါတယ်။ Alice in Borderland ဂျပန်ရုပ်ပြဝတ္ထုကိုအခြေခံထားပြီး ဂျပန်သရုပ်ဆောင်တွေနဲ့ပဲရိုက်ကူးထားတာပါ။ Death Note လိုအနောက်တိုင်းသရုပ်ဆောင်တွေနဲ့ပြန်မရိုက်တာတော်သေးတယ်လို့ပြောရမယ်။ ဇာတ်လမ်းကတော့ Tokyo မှာနေတဲ့ Arisu ဟာဘဝမှာရည်မှန်းချက်တစုံတရာမရှိဘဲ ဂိမ်းတွေဆော့ရင်းအချိန်ဖြုန်းနေသူပါ။ တနေ့မှာသူနဲ့သူ့သူငယ်ချင်း ၂ယောက်လမ်းပေါ်မှာဗရုတ်ကျကြလို့ ရဲတွေရောက်လာတော့ အများသုံးအိမ်သာထဲ ဝင်ပုန်းနေရင်းတခြား dimension တခုကိုရောက်သွားပါတယ်။ အဲ့ဒီနေရာကသူတို့နေခဲ့တဲ့ Tokyo နဲ့တထေရာတည်းတူပေမယ့် လူသူကင်းမဲ့ပြီးခြောက်ကပ်နေတယ်။ ဖုန်းအပါအဝင် လျှပ်စစ်ပစ္စည်းတွေအသုံးပြုလို့မရတော့ဘူး။ သူတို့အသိမိတ်ဆွေတွေကိုလိုက်ရှာပေမယ့် ရှာလို့မတွေ့တော့ပါဘူး။ သူတို့ရဲ့အခြေအနေကို အဖြေရှာနေတုန်းမှာပဲညရောက်လာတော့ တစုံတယောက်က LED ဆိုင်းဘုတ်ကြီးတွေကနေတဆင့် ကစားပွဲတခုမှာပါဝင်ဖို့ညွှန်ကြားတာကိုကြားလိုက်ရတယ်။ သူတို့လည်းဆိုင်းဘုတ်ကြီးတွေလမ်းညွှန်တဲ့အတိုင်းလျှောက်သွားတော့ အဆောက်အအုံတခုကိုရောက်သွားပြီး သူတို့လိုပဲဂိမ်းကစားဖို့ညွှန်ကြားလို့ရောက်လာတဲ့အမျိုးသမီး ၂ယောက်နဲ့ဆုံပါတယ်။ အဲ့ဒီထဲက Shibuki ဆိုတဲ့အမျိုးသမီးဟာသူတို့အနေနဲ့အမည်မသိအသံရှင်ပြောတဲ့စည်းကမ်းတွေအတိုင်းဂိမ်းကစားရမှာဖြစ်ကြောင်း၊ game arena ထဲဝင်ပြီးရင်ပြန်ထွက်လို့မရအောင်လေဆာရောင်ခြည်တွေနဲ့ပိတ်ထားကြောင်းရှင်းပြတယ်။ သူတို့ပထမဆုံးကစားရတဲ့ဂိမ်းရဲ့ difficulty ကို Three of Clubs ...
8.6
TMDb: 8.6/10 16 votes
tv

Alice in Borderland Season 1

2020

Release year

Genres

Release year