အချစ်ကစွမ်းအားကြီးတယ်လို့ ပြောကြတယ်ဗျာ..
တန်ခိုးတော်ရှင်ရဲ့နိယာမတရားကိုတောင် ပြောင်းလဲပစ်လိုက်ဖို့ အတင်းတိုက်တွန်းတယ်..
ဟုတ်ပါတယ်..ဒီဇာတ်ကားလေးက ဗစ်ရှဝါးနဲ့ မစ်သရားဆိုတဲ့ ချစ်သူနှစ်ဦးအကြောင်းရိုက်ကူးထားခြင်းဖြစ်ပြီး ဖြစ်ရပ်မှန် အဖြစ်အပျက်တစ်ခုအပေါ် အခြေခံထားပါတယ်။
ဇာတ်ကားထဲမှာ သူဋ္ဌေးက ထိပါးစော်ကားဖို့အမြဲကြိုးစားနေလို့ သူဋ္ဌေးရန်ကြောက်နေရတဲ့ မစ်သရားဆိုတဲ့ကောင်မလေးဟာ တစ်နေ့ သူမကို သူဋ္ဌေးဖြစ်သူက ကိုယ်ထိလက်ရောက်စော်ကားဖို့ကြိုးစားလာတဲ့အခါ မထင်မှတ်ဘဲ သူမဆီကို အကူအညီပေးမယ့်ကောင်လေးတစ်ယောက်ပေါ်လာပြီး အခက်အခဲတွေကြားကနေ ကယ်ထုတ်သွားခဲ့ပါတယ်။
နောက်ပိုင်း သူမဒုက္ခရောက်လိုက်တိုင်း သူမကို ကယ်တင်ဖို့ အဲ့ဒီကောင်လေးက ရောက်လို့လာနေပါတယ်..ခက်တာက အဲ့ဒီကောင်လေးကို သူမတစ်ယောက်ကလွဲလို့ မြင်ရတဲ့သူမရှိဖြစ်နေပြန်တယ်။
ဒီလိုနဲ့ စုံစမ်းကြည့်လိုက်တဲ့အခါ နောက်ကွယ်က ရင်နာစရာဇာတ်လမ်းလေးတစ်ပုဒ်ရှိနေပြန်တယ်…
Leave a Reply