Alpha Premium

The New Shaolin Boxers

Cai li fa xiao zi    

PG-13 96 min ActionDrama

6.4
IMDB: 6.4/10 158 votes

,

, , ,

N/A

Taiwan, Hong Kong

1640

Report error

ကဲကဲ လာပါပြီ မိတ်ကပ်တွေလိမ်းပြီးလေပေါ်ပျံပြနေတဲ့

ခုခေတ်ရှောင်ကောကောတွေကိုငြီးငွေ့နေသူများအတွက် 😁

1976တုန်းကရှောင်လင်သိုင်းကားတကားတင်ဆက်ပေးလိုက်ပါတယ်

(တကယ်လိုက်ကျင့်လို့ရတယ်နော် လေပေါ်လုံးဝမပျံပြထားဘူး)

ဇာတ်လမ်းအကျဥ်း – ကျုံးကျန်းဟာ မဟုတ်မခံအမှန်တရားကိုမြတ်နိုးပြီး

သူ့ရှေ့မှာမတရားမှုတွေ့လာတိုင်းဆိုင်ဆိုင်မဆိုင်ဆိုင်

ကိုယ့်ထမင်းကိုယ်စားပြီး ဝင်ရောက်ကူညီတတ်တဲ့သူငယ်ပါ။

ဒါပေမယ့် ခေတ်ရေစီးကြောင်းအရအဲ့ခေတ်ကလူတွေဟာ

အေးအေးဆေးဆေးနားအေးပါးအေးနေရတာကို

အတော်သဘောကျသူများဖြစ်ပါတယ်။

ဒါနဲ့ပဲသူနေထိုင်ရာနယ်မြို့လေးကလူတွေအကုန်လုံးက

သူ့ကိုမုန်းတီးရွံရှာနေခဲ့ပါတယ် ။

အကြောင်းကတော့ သူကငြိမ်ငြိမ်မနေပဲ မတရားတာမြင်တိုင်းဝင်ပါနေလို့ပါတဲ့ ။

ဒီလိုနဲ့ မြို့ခံစီးပွားရေးသမားတွေကလည်းမုန်း

လူမိုက်ဂိုဏ်းကလည်းမျက်စိစပါးမွှေးစူးလာတဲ့အတွက်

သူသင်နေတဲ့သိုင်းသင်တန်းကျောင်းကပါ

အထုတ်ခံခဲ့ရပါတယ်။

ဒါပေမယ့်သနားဂရုဏာ​သက်မိတဲ့ဆရာက

တောတွင်းကိုသွားရောက်တိမ်းရှောင်နေပြီးအဲ့တော့ထဲမှ

ာသီတင်းသုံးနေတဲ့ဆရာတော်ကြီးဆီကရှောင်လင်သိုင်းရဲ့

အနှစ်ချုပ်ဖြစ်တဲ့ ချိုက်လိဖော်သိုင်းကိုသင်ယူဖို့လမ်းညွှန်ပြပေးခဲ့ပါတယ်။

တောထဲမှာ နေနေရင်းက အိမ်ပြန်လာတဲ့အခါ

သူ့ဆရာကိုသတ်သွားတဲ့သတင်းကြားလိုက်ရတဲ့အတွက်

လက်စားချေဖို့သူဆုံးဖြတ်ခဲ့ပါတယ်။

အဲ့အချိန်မှာပဲ သူညီမလေးလိုချစ်ရတဲ့ ကောင်မလေးကိုသူ့ရည်းစားကလူမိုက်တွေနဲ့ပေါင်းပြီး

ဘဝကိုဖျက်ဆီးဖို့ကြံလာတဲ့အခါ ကျုံးကျန်းဟာ

သူ့ရဲ့ဗီဇအတိုင်းဘယ်လိုတွေဝင်ရောက်လှုပ်ရှားမယ်ဆိုတာ

ကြည့်လို့ကောင်းကောင်းနဲ့ကြည့်ရမှာဖြစ်ပါတယ်။

The New Shaolin Boxers
The New Shaolin Boxers
The New Shaolin Boxers
The New Shaolin Boxers
  • Download Links Server Audio / Language Quality
No downloads available

Leave a Reply

Your email address will not be published. Required fields are marked *

Related movies